ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက် တိုက်ခိုက်မှုတွေမှာ လက်သည်တရားခံတွေကို ခြေရာခံအရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်တစ်ခုဖွဲ့ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ပြုလိုက်ပါတယ်။
အဖွဲ့ဝင် ၃ ဦးပါတဲ့ အဲဒီအဖွဲ့ကို ကျွမ်းကျင်သူတွေနဲ့ အားဖြည့်ထားပြီး ဆီးရီးယားနိုင်ငံတွင်းက ဘယ်နေရာမှာမဆို လွတ်လွတ်လပ်လပ် သွားရောက်စစ်ဆေးခွင့် ရမှာဖြစ်ပါတယ်။
ဆီးရီးယား ပဋိပက္ခမှာ အမြင်မတူနဲ့ ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက ဒီအဖွဲ့သစ်နဲ့ပတ်သက်လို့ ထောက်ခံခဲ့ကြပါတယ်။
ဓာတုလက်နက်တွေ ဖျက်သိမ်းဖို့ ကုလသမဂ္ဂက ညွှန်ကြားထားတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဆီးရီးယားမှာ ဓာတုလက်နက်တိုက်ခိုက်မှုပေါင်း ၆၀ ကျော် ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ဘီဘီစီက စုံစမ်းသိခဲ့ရပါတယ်။
သမ္မတ အာဆတ်ရဲ့ တပ်ဖွဲ့ကရော အိုင်အက်စ် အစ္စလမ်မစ် လက်နက်ကိုင်တွေကပါ ဓာတုလက်နက်တွေနဲ့ သူတိုက်တယ် ကိုယ်တိုက်တယ် ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြတာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese

0 comments:
Post a Comment