မရဏ ကော်ဖီဆိုင်ဖွင့်ရန် စီစဉ်



ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မရဏ ကော်ဖီဆိုင် တစ်ခုကို ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
          အသက် (၄၂) နှစ်အရွယ် ဂျွန်အန်ဒါဝုဒ်ဆိုသူ အမျိုးသားတစ်ဦးသည် သူနေထိုင်သည့် လန်ဒန်မြို့တွင် မရဏကော်ဖီဆိုင် ဖွင့်လှစ်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေ စုဆောင်းနေပြီ ဖြစ်သည်။ အန်ဒါဝုဒ်မှာ သေခြင်းတရားနှင့် စိမ်းသူ တစ်ဦးတော့ မဟုတ်။ သူသည်နာရေးဆိုင်ရာ အကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။
          မရဏကော်ဖီဆိုင်တွင် သူစိမ်းများသည် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကာ လက်ဖက်ရည်သောက်၊ ကိတ်မုန့်စားရင်း သေခြင်းတရား အကြောင်းကို ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း၊ တစ်နေနေ့တွင် ဧကံ သေကြရမည် ဖြစ်သောကြောင့် လူများသည် သေခြင်းတရားကို ဆင်ခြင်နိုင်ရေးအတွက် ကော်ဖီဆိုင်ကို ဖွင့်လှစ်နိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း Deathcafe.com တွင် ဖော်ပြထားသည်။
          ကော်ဖီဆိုင်မှာ အကြံပြုရာ၊ အတိုင်ပင်ခံ ရာနေရာတစ်ခု မဟုတ်ဘဲ။ အုပ်စုလိုက် ဆွေးနွေးမှုများ ပြုလုပ်သည့် နေရာတစ်ခုသာ ဖြစ်ကြောင်း ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နိုင်ငံပေါင်း (၃၀) ခန့် တွင် မရဏကော်ဖီဆိုင် (၂၀၀၀) ကျော် ရှိနေကြောင်း Evening Standard ကဖော်ပြထားသည်။ လန်ဒန်တွင် သေခြင်းတရားနှင့် ဆွေးနွေးမှုများ ပုံမှန် ပြုလုပ်နိုင်ရေး နေရာတစ်ခုဖန်တီး ပေးရန် အချိန်ကျနေပြီ ဖြစ်ကြောင်း အန်ဒါဝုဒ်က ပြောဆိုခဲ့သည်။
          ကော်ဖီဆိုင်အတွက် ရှယ်ယာများကို အောက်တိုဘာလ (၁၉) မှစပြီး ပေါင် (၅၀) ဖြင့် ရောင်းချမည်ဖြစ်သည်။
Source:Mirror
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment