အရက်ကို ဘောင်းဘီအိတ်ထဲ ၀ှက်ပြီး သယ်ဆောင်လာသူ ဖမ်းဆီးခံရ




 ဆော်ဒီအာရေဗျ နိုင်ငံဟာ အရက်သေစာ သောက်စားခြင်းကို ပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အရက်သောက်သုံးသူကို ကြိမ်ဒဏ် ချမှတ်လေ့ရှိပြီး သေဒဏ်အထိပါ ချမှတ်နိုင်တဲ့ ဥပဒေကိုပါ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဆော်ဒီအာရေဗျမှာ အရက်ဟာ အင်မတန် ရှားပါးပါတယ်။ ပိတ်ပင်တားမြစ်မှုရဲ့ နောက်ကွယ်မှာ အကျိုးဆက်များစွာ ရှိပါတယ်။ ဥပေဒနဲ့ တားမြစ် ပိတ်ပင်ထားပေမယ့် အရက်ကို အရသယ်ဆောင်သူတွေ ရှိခဲ့ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံသားတစ်ဦးဟာ ဘာရိန်းနိုင်ငံကအပြန် အရက်တွေကို ဘောင်းဘီအိတ်ထဲ ၀ှက်ပြီး သယ်ဆောင်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ ပင်လယ်ကွေ့ နိုင်ငံတွေထဲမှာ ဘာရိန်းဟာ အလွတ်လပ်ဆုံး ဖြစ်ပြီး  အရက်၊ ပြည်တန်ဆာ စတာတွေ အကုန်ရပါတယ်။ ဒီနိုင်ငံက ပြန်ရောက်လာတဲ့ ဆော်ဒီအာရေဗျ နိုင်ငံသားတစ်ဦးဟာ အရက်ကို အထူးပြုလုပ်ထားတဲ့ ဘောင်းဘီအိတ်တွေထဲ ထည့်ပြီး သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီနောက် ရိုးရာဝတ်ရုံကို ခြုံခဲ့ပါတယ်။ ဒါပေမဲ့ အရက်ပုလင်းတွေကို သယ်ဆောင်လာခြင်းကြောင့် လမ်းလျှောက်ပုံက တစ်မျိုးဖြစ်နေပြီး မသင်္ကာရာမှတစ်ဆင့် စစ်ဆေးမေးမြန်းရာကနေ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အရက် သောက်သုံးနိုင်ဖို့ စွန့်စားစွာ ပြုလုပ်ခဲ့ရတဲ့ ဆော်ဒီအာရေဗျ နိုင်ငံသားတစ်ဦးရဲ့ ကြိုးစားအားထုတ်မှုကို နိုင်ငံတကာ မီဒီယာတွေက အံ့အားသင့်စရာ သတင်းအဖြစ် ဖော်ပြခဲ့ပါတယ်။

Source:messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment