ဆားဗီးယားနဲ့ နယ်စပ်ခြင်း ထိစပ်တဲ့ နေရာကို ဟန်ဂေရီ ရဲတွေ ကင်းလှည့်စဉ် (Credit: AFP) |
ခိုလှုံခွင့်တောင်းလိုသူ လူပေါင်း တစ်သိန်းနှစ်သောင်းကို ပြန်လည် နေရာချထားဖို့ ကိစ္စကို ဥရောပ သမဂ္ဂအဖွဲ့ဝင် ဝန်ကြီးတွေက ဆွေးနွေးကြပေမယ့် ဘာသဘောတူညီချက်မှ မရပဲ နောက်သုံးပတ်မှာ ဆက်လက်ဆွေးနွေးကြဖို့သာ သဘောတူညီခဲ့ကြပါတယ်။
ခိုလှုံခွင့်တောင်းလိုသူတွေကြောင့် ဥရောပ တခွင်ကို အတားအဆီးမရှိ သွားလာနိုင်အောင် စီစဉ်ခဲ့တာတွေကို ပြောင်းလဲရမလို ဖြစ်နေပြီး ဂျာမနီက နယ်စပ်မှာ တင်းကြပ်မှုတွေလုပ်ပြီးတဲ့နောက် တခြားနိုင်ငံတွေကလည်း နယ်စပ်ပိတ်ချတာတွေ၊ ကင်းလှည့်စစ်ဆေးတာမျိုး လုပ်နေပါတယ်။
ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ သြစတီးယား၊ နယ်သာလန် စတဲ့ နိုင်ငံမှာ နယ်စပ်ဖြတ်ကျော်မှု တင်းကြပ်လိုက်သလို ဆွီဒင်နဲ့ ပိုလန်ကလည်း နယ်စပ်အခြေအနေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ခိုလှုံခွင့်တောင်းလိုသူတွေကို ဥရောပနိုင်ငံတွေ နည်းနည်းစီ လက်ခံကြဖို့ ဆွေးနွေးကြပေမယ့် ပိုလန်၊ စလိုဗက်ကီးယား၊ ဟန်ဂေရီတို့ကတော့ အဲဒီအစီအစဉ်ကို ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment