နိုင်င်ငံလုံးဆိုင်ရာ မျိုးစောင့်ဥပဒေအောင်ပွဲ ရန်ကုန်မှာ ကျင်းပမည်


 ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းနားကို သီတဂူဆရာတော်ဘုရားကြီး အရှင်ဦးဥာဏိဿရ တက်ရောက်မှာဖြစ်ပြီး အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားသံရုံး ၂၅ ရုံးကို ဖိတ်ကြားထားတယ်လို့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဦးဝီရသူ က RFA ကို ဒီကနေ့ မိန့်ပါတယ်။

လာမယ့် အောက်တိုဘာလ ၄ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ မျိုးစောင့်ဥပဒေကို ကမ္ဘာအသိအမှတ်ပြုအောင် ရည်ရွယ်ပြီး ကျင်းပမှာဖြစ်တယ်လို့ RFA က လျှောက်ထားမေးမြန်ရာမှာ အရှင်ဦးဝီရသူ က အခုလို မိန့်ကြားခဲ့တာပါ။

"နံပါတ်တစ်ကတော့ မျိုးစောင့်ဥပဒေကို ကမ္ဘာကအသိအမှတ်ပြုအောင်လို့ပေါ့နော်၊ ဦးဇင်းတို့ မျိုးစောင့်ဥပဒေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူလူထုက ဘယ်လောက်ထောက်ခံတယ်ဆိုတာကို ပြချင်လို့ပါ၊နံပါတ်နှစ်ကတော့ ဒီမျိုးစောင့်ဥပဒေ ဒီလောက်အရေးကြီးတယ်၊ ဒီလောက်လိုအပ်တယ်၊ ဘယ်လိုကြိုးပမ်းခဲ့တယ်ဆိုတာကို သိလို့ရှိရင် နောက်နောင်အစိုးရတွေက ဒီမျိုးစောင့်ဥပဒေကို လုံလုံခြုံခြုံဖြစ်အောင် ထိန်းသိမ်းကာကွယ်နိုင်စေဖို့ပါ"

ထိုင်း၊ မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး မန္တလေးမြို့မှာ သံဃာတစ်သောင်း ဆွမ်းလောင်းလှူပွဲအခမ်းနားကို တက်ရောက်လာတဲ့ ထိုင်းသံဃာတော်တွေနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံမှာလည်း အမျိုးဘာသာသာသနာ စောင့်ရှောက်ဖို့ လုပ်ဆောင်ရမယ့် အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆရာတော် ဦးဝီရသူ က မိန့်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတောင်ပိုင်းမှာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေကို ကန့်ကွက်တဲ့ ဆန္ဒပြလှုံ့ဆော်မှုတွေ ထိုင်းနိုင်ငံမှာလုပ်ဆောင်သွားဖို့ကိုလည်း ထိုင်းသံဃာတော်တွေနဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ ဦးဝီရသူ က မိန့်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment