၂၀၁၅ ရွေးကောက်ပွဲ ပြည်သူများ ထောက်ခံလျှင် ၉၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ်နိုင်



လာမည့် နိုဝင်ဘာလ (၈) ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲကြီးတွင် ပြည်သူများ ထောက်ခံမှု အပြည့်အ၀ ရှိခဲ့ပါက ယခင် (၁၉၉၀) ပြည့်နှစ် ရွေးကောက်ပွဲကဲ့သို့ လုံးဝ မဖြစ်နိုင်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားခဲ့သည်။

ယင်းသို့ ပြောကြားရာတွင် ဟုမ္မလင်း မြို့နယ် လူထုနှင့် တွေ့ဆုံစဉ် ဒေသခံ တစ်ဦးက လာမည့် ရွေးကောက်ပွဲကြီးတွင် NLD ပါတီ အနေဖြင့် မဲအပြတ်အသတ် အနိုင်ရှိခဲ့ပါက အစိုးရရဲ့ ထပ်မံ ညစ်ပတ်မှုကို ဘယ်လို ဆောင်ရွက် ထားသလဲဟု မေးခွန်းအား ယခုကဲ့သို့ ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

''အခု ရွေးကောက်ပွဲကြီးဟာ (၉၀) ခု နှစ်ရွေးကောက်ပွဲလို မဟုတ်တော့ပါဘူး။ NLD ပါတီ ညစ်ပတ်မှု ခံရတယ်၊ မခံရဘူး ဆိုတာကတော့ ပြည်သူတွေ အပေါ်မှာပဲ မူတည်ပါတယ်။ အခုရွေးကောက်ပွဲက ၂၀၁၅ ရွေးကောက်ပွဲပါ။ ပြည်သူတွေလည်း ပြောင်းလဲလာပါပြီ။ အခြေအနေတွေလည်း ပြောင်းလဲလာပါပြီ။

ပြီးတော့ ကမ္ဘာကြီးလည်း ပြောင်းလဲခဲ့ပါပြီ။ ၁၉၉၀ ခုနှစ်ကလို လုပ်လို့ မရပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ မီဒီယာတွေနဲ့ တွေ့ဆုံခန်းမှာ အာဏာသိမ်းတဲ့ ကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ပါလို့ ပြောခဲ့ပါတယ်။ ပြည်သူတွေလည်း ကြားမှာပါ။ အဖွဲ့ချုပ် အနိုင်ရရင် အစိုးရဖွဲ့ အနိုင်ဖို့ ပြည်သူတွေက ၀န်းရံပေးမယ် ဆိုရင်တော့ ဘာမှ မဖြစ်လာစရာ အကြောင်း မရှိပါဘူး'' ဟု ဒေါ် အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားသွားခဲ့သည်။

ယင်းသို့ လာမည့် ရွေးကောက်ပွဲကြီးတွင် ညစ်ပတ်မှုများ ကြုံတွေ့လာပါမည် ဆိုပါက ပြည်သူတွေထံမှ ထောက်ခံမှုဖြင့် ကျော်လွားနိုင်မည် ဖြစ်ပြီး ယင်းသို့ ကျော်လွားနိုင်ရန် အတွက် ပြည်သူလူထုက NLD ပါတီအား အပြည့်အ၀ ၀န်းရံပေးကြရန် လိုအပ်ပါကြောင်း အဖွဲ့ချုပ် ဥက္ကဌက ဆက်လက် ပြောကြားသွားခဲ့သည်။
Source...messenger news journal

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment