တရုတ်လူမျိုး မ၀င်ရ



ရည်မွန်အောင်
ပေကျင်း ၊ စက်တင်ဘာ ၁၁
          တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အ၀တ်အစား အရောင်းဆိုင် တစ်ဆိုင်တွင် စိုက်ထူထားသည့် ဆိုင်းဘုတ်ငယ် တစ်ခုကြောင့်  တရုတ်နိုင်ငံသားများ  မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
           ဆိုင်းဘုတ်ငယ်ကို လွန်ခဲ့သော တစ်ပတ်ခန့်မှ စိုက်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဆိုင်းဘုတ်တွင်'' ၀န်ထမ်းမှလွဲပြီး တရုတ်လူမျိုး မ၀င်ရ'' ဟု ရေးသားထားသည်။ ဆိုင်ဝန်ထမ်းတစ်ဦးက စီးပွားရေး အကြောင်းပြချက်ဖြင့် ဆိုင်းဘုတ် စိုက်ထူထားရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အခြား တစ်ဦးကမူ တရုတ် ဈေးဝယ်သူများသည် စိတ်ပျက်စရာ ကောင်းလှကြောင်း ပြောဆိုခဲ့သည်။
            အ၀တ်အထည်ဆိုင်မှာ ပေကျင်းရှိ  နိုင်ငံခြား ခရီးသွားများ ကျက်စားတတ်သည့် ယာပေါင်လူလမ်းတွင် ရှိသည်။ ၀န်ထမ်းတစ်ဦးက ''တရုတ်လူမျိုးတွေဟာ သိပ်စိတ်ပျက်စရာ ကောင်းတယ်။ တရုတ် အမျိုးသမီး တချို့ဆိုရင် အ၀တ်အစားတွေကို အကုန်စမ်းဝတ်ကြည့်တယ်။ ပြီးတော့ တစ်ထည်မှ မ၀ယ်ဘဲ ပြန်ထွက်သွားကြတယ်'' ဟု ပြောဆိုခဲ့သည်။
          ''ကိုယ့်နိုင်ငံသားတွေကို အရှက်ခွဲဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ တရုတ်လူမျိုးတွေ သိပ်လွန်တာပဲ'' ဟု ၀န်ထမ်းတစ်ဦးက ဆိုပြန်သည်။ 
Source:DM
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment