ဆွီဒင်တွင် လိင်တူချစ်သူများ အတွက် ဘိုးဘွားရိပ်သာ ဖွင့်လှစ်



ရည်မွန်အောင်
စတော့ဟုမ်း ၊ စက်တင်ဘာ ၁၁
          ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ ဆင်ခြေဖုံးတွင် ယောကျာ်းလျာများ၊ မိန်းမလျာများ၊ လိင်နှစ်မျိုးစလုံး နှစ်သက်သူများနှင့် လိင်ပြောင်းထားသူများ (LGBT) အတွက် ပထမဆုံး ဘိုးဘွားရိပ်သာ တစ်ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။
          ရက်ဘာဂန် သို့မဟုတ် သက်တံရောင်အိမ်ဟု အမည်ရသည့် ဘိုးဘွားရိပ်သာကို ဆင်ခြေဖုံးရှိ အထပ် ရှစ်ထပ်မြောက် တိုက်တစ်ခု၏ အပေါ်ဆုံး သုံးထပ်တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ''ကျွန်တော်တို့က အခြား လူတွေလိုပဲ နေထိုင်ကြတာပါ၊ လိင်တူ ချစ်သူတစ်စု အသက်ကြီးတဲ့အခါ တစ်စုတစ်ဝေးတည်း နေထိုင်ကြတာပဲ ကွဲပြားတာပါ'' ဟု ရက်ဘာဂန်ကို တည်ထောင်သူ ခရစ္စတာဖယ်လန်က ရိုက်တာစ် သတင်း ဌာနသို့ ပြောဆိုခဲ့သည်။
          ဆွီဒင်သည် ဥရောပတွင် LGBT အခွင့်အရေးကို အသိအမှတ် အပြုဆုံး နိုင်ငံအဖြစ်  LGBT အခွင့်အရေး တိုင်းတာသည့် အညွှန်းကိန်းများတွင် ဖော်ပြထားသည်။ သို့သော် ဘိုးဘွားရပ်သာတွင် နေထိုင်သူ အများစုမှာ လူ့အဖွဲ့အစည်းတွင် ခွဲခြား ဆက်ဆံခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။
          ဘိုးဘွားရပ်သာ နံရံများတွင် လိင်တူချစ်သူများ၏ ပုံများကို မှန်ဘောင်သွင်းပြီး ချိတ်ထားသည်။ အဆောက်အဦရှိ အခြားအထပ်များတွင် နေထိုင်သူများက ရန်လိုစွာ ဆက်ဆံခြင်း မရှိကြောင်း ဘိုးဘွားရိပ်သာတွင် နေထိုင်သူများပြောသည်။
          LGBT များအတွက် ဘိုးဘွား ရိပ်သာများ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ တို့တွင်လည်း ရှိနေသည်။ ယူဂန္ဓာနှင့် ရုရှားကဲ့သို့ လိင်တူချစ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် နိုင်ငံများတွင် ယင်းကဲ့သို့ ဘိုးဘွားရိပ်သာများ ဖွင့်လှစ်ပေးခြင်းဖြင့် LGBT အသိုင်းအ၀ိုင်းကို ကူညီရာရောက်မည် ဖြစ်ကြောင်း ဖယ်လန်က ပြောဆိုခဲ့သည်။
Source:Reuters
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment