ဝါရှင်တန် ၊ ၁၀-၉-၂၀၁၅
တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းမှု အပေါ် ကုန်သည်များက စိုးရိမ်မှုများ ရှိနေသည့် အတွက် စက်တင်ဘာ ၉ ရက်တွင် နိုင်ငံတကာ ဈေးကွက်ရှိ ရေနံဈေးနှုန်းမှာ ဆက်လက် ကျဆင်းလျက် ရှိကြောင်း သိရသည်။
အောက်တိုဘာလ အတွက် ရောင်းချရန် လျာထားသည့် ရေနံစိမ်း တစ်စည်သည် လန်ဒန် ဈေးကွက်တွင် အမေရိကန် ဒေါ်လာ ခြောက်ဆင့်ထိ ဈေးကျပြီး ၄၉ ဒသမ ၄၆ ဒေါ်လာသာ ရှိကြောင်းနှင့် အမေရိကန် ဈေးကွက်တွင်မူ ၂၂ ဆင့်ထိ ဈေးကျပြီး ၄၅ ဒသမ ၇၂ ဒေါ်လာသာ ဈေးပေါက်ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန် ဈေးကွက်တွင်မူ ရေနံစိမ်း ဈေးနှုန်းသည် စက်တင်ဘာ ၇ ရက်မှ စတင်၍ ကျဆင်းခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပို့ကုန် တင်ပို့မှုသည် သြဂုတ်လ အထိ ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန် တင်သွင်းမှုသည် ၁၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းလျက် ရှိကြောင်း တရုတ် တာဝန်ရှိသူ များက စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန် ကြေညာချက်သည် ဒုတိယမြောက် ကမ္ဘာ့စီးပွားရေး အင်အား တောင့်တင်း ခိုင်မာပြီး ကမ္ဘာ့စွမ်းအင် အများဆုံး သုံးစွဲသည့် တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ရေနံကုန်သည် များကို စိုးရိမ်ပူပန် စေခြင်းဖြစ်ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com

0 comments:
Post a Comment