ကလေးကောက်သူ


““မောင်နှမသုံးယောက်ကို ဘယ်လောက်ပေးမှာလဲ၊ အသက် သုံးနှစ်အရွယ်၊ ခြောက်နှစ်အရွယ်၊ ရှစ်နှစ်အရွယ်နဲ့အကြီးမလေးကထမင်း ချက်တတ်နေပြီ၊ အငယ်နှစ်ယောက်ကိုလည်း တစ်ခါတည်း ပေးလိုက်မယ်လို့သူတို့ ( မွေးစားမယ်ဆိုပြီးခေါ်ထားသူ)က ဆက်သွယ်လာတယ်”” လို့ အမှတ် ၁၁၊ ပထမထပ် (အေ)၊ ရွှေဘိုလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အလင်းသစ်ဦးတည်ရာ မိဘမဲ့ကလေးများ ကူညီထောက်ပံ့ရေးအဖွဲ့ကိုတည်ထောင်သူ ကိုဇော်ထွန်းက စွန့်ပစ်ကလေးငယ်တွေကို လိုက်လံကောက်ယူခဲ့တဲ့ အဖြစ်များထဲက အမှတ်ရစရာတစ်ခုကို ပြောပြလို့နေတယ်။

ဖုန်းထဲကနေဆက်သွယ်လာတာဖြစ်တဲ့အတွက်ကိုဇော်ထွန်းအနေနဲ့ငြင်းဆန်လိုက်မယ်ဆိုရင်အဆက်အသွယ်ပြတ်တောက်မှာကိုစိုးရိမ်စွာနဲ့လိုချင်တဲ့ငွေပေးပါ့မယ်လာရမယ့်နေရာကိုသာပြောပါဆိုပြီးအကြောင်း ပြန်လိုက်တယ်လို့ဆိုပါတယ်။
““ကလေးလေးတွေကတောကဆိုတော့ဆံပင်ကောက်တိကောက် ကွေးနီကြောင်ကြောင်နဲ့အူတူတူလေးတွေ၊ ကျွန်တော်ဘိုကလေးကို ရောက်သွားတော့သူတို့ပြောတဲ့အတိုင်းပဲအကြီးမလေးကထမင်းကျက် မကျက် ကြည့်တတ်နေသလိုထမင်းအိုးတွေချတတ်နေပြီ၊ ဒါပေမယ့် သူတို့က တစ်သိန်းတောင်းတယ်၊ အကြီးမလေးကိုမပေးတော့ဘူးလုပ်လာ တယ်၊ သူ့အဖေကမပေးတော့ဘူးလို့ပြောတယ်တဲ့လေ။ တကယ်ကျွန်တော် သူ့အဖိုး နဲ့လိုက်တွေ့ကြည့်တော့မဟုတ်ဘူးဖြစ်နေတယ်။ သက်သက်မဲ့ ငွေတောင်းတယ်လို့ယူဆရမလိုပဲ”” လို့ ဧရာဝတီတိုင်းဒေသကြီး၊ ဘို ကလေးမြို့နယ်အထိသွားရောက်ပြီး မောင်နှစ်မသုံးယောက်သွားခေါ်ရပုံ ကို ကိုဇော်ထွန်းကဆက်ပြီးပြောပြနေတာပါ။

ဝေေ၀ဆိုတဲ့အကြီးမလေးအပါအ၀င်ကျန်တဲ့မောင်နှမတွေကိုကျွေး မွေးထားရတဲ့အတွက်ကျွေးမွေးစရိတ်အနေနဲ့မွေးစားတဲ့သူတွေက တောင်းတာကို ကိုဇော်ထွန်းအနေနဲ့မပေးနိုင်စရာမရှိပါဘူး။ သို့ပေမယ့်အလုပ်လုပ်နိုင်စပြုနေတဲ့အကြီးမလေးဝေေ၀ကိုမွေးစားသူတွေက မပေး ချင်ဖြစ်သွားစေတဲ့အကြောင်းအရင်းနောက်ကွယ်က အကြောင်းတရား ဟာ ကလေးချစ်တတ်သူကိုဇော်ထွန်းအတွက်အစိုးရိမ်ပိုစေခဲ့ပါတယ်။
““ကလေးတွေရဲ့အဘိုးကကျန်းမာရေးမကောင်းဘူး၊ သူ့အဖေ ဆိုတာကလဲမမွေးနိုင်တော့လို့မွေးစားဖို့ပေးထားတာလေ၊ အဲဒါကိုသူတို့ကကျွေးထားတဲ့စရိတ်ဆိုပြီးတောင်းတာ။ ဒါ့အပြင်အကြီးမလေးက အလုပ် လုပ်တတ်နေတာကိုမပေးဘူးဆိုတော့ကလေးကိုခိုင်းဖို့အတွက်ခေါ် ထားတာကိုစိုးရိမ်တယ်””လို့ ပြောတဲ့ကိုဇော်ထွန်းဟာအုပ်ချုပ်ရေးမှူးရုံးမှာခေါ်တွေ့ခြင်းအပြင် ဝေေ၀တို့မောင်မနှမရဲ့အဘိုး၊ လက်ရှိမွေးစား ထားတဲ့အုပ်ထိန်းသူတွေအပါအ၀င်နဲ့ဝေေ၀တို့မောင်နှမကိုအပြီးအစီး ခေါ်ယူနိုင်ခဲ့ပါတယ်။ ဝေေ၀တို့မောင်နှမသုံးယောက်ကိုလတ်တလော မွေးစားထားတဲ့အုပ်ထိန်းသူတွေကိုလဲကျေနပ်လောက်တဲ့ ကျွေးမွေးစရိတ် ကိုလည်းပေးခဲ့ပါသေးတယ်။

““ အခုဆိုရင်ဝေေ၀ကတစ်တန်းတောင်တက်နေပြီ၊ သူ့မောင်လေး တစ်ယောက်ကမူကြိုမှာ၊ တစ်ယောက်ကတော့ကျွန်တော်တို့ထဲကတစ် ယောက်အိမ်မှာထိန်းထားတယ်။ ဒါတွေကကျွန်တော့်ဆီကိုကလေးဆက် မမွေးနိုင်လို့ဆက်သွယ်လာတဲ့အဖြစ်တွေထဲကအဖြစ်တစ်ခုပါ၊ မမွေးနိုင် ရင်ဆက်သွယ်ပါ။ စွန့်ပစ်တာမျိုးမလုပ်စေချင်ဘူး။ ကျွန်တော်က လို တာ ကို ထောက်ပံ့မယ်။ စွန့်ပစ်တာဟာကလေးတွေအတွက်အရမ်းအန်္တရာယ် များပါတယ်။ ကျွန်တော်တို့တာဝန်ယူပါရစေ””ဆိုပြီး စွန့်ပစ်ထားတဲ့ ကလေးဆိုတဲ့အသံကြားတာနဲ့အမြဲတမ်းရှေ့ဆုံးရောက်အောင်ပြေးတတ် တဲ့ကိုဇော်ထွန်းကသူလိုက်လံကောက်ယူခဲ့တဲ့ ကလေးငယ်ဟာ ခုနစ်ဦး အထိရှိနေပြီး မွေးစားချင်တဲ့သူတွေရှိရင်တောင်အပြီးအပိုင်လွှဲပြောင်း ပေးဖို့အတွက်စောင့်ကြည့်လေ့လာမှုပြုလုပ်သေးတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ဗိုလ်တထောင်ဘုရားဂေါပကအဖွဲ့ဝင် တွေနေတဲ့ ဂိုဒေါင်နောက်ဖေးလမ်းကြားမှာ ရက်သားအရွယ် ကလေး ငယ်ကို လာရောက်ပစ်ထားခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပြီး အစွန့်ပစ်ခံကလေး ရဲ့လက်မှာပတ်ထားတဲ့ လက်ပတ်မှာ အမေနာမည်ပေးထားတဲ့ စာတမ်း လေး တစ်ခုချိတ်ထားပါတယ်။ ဆေးရုံကနေ လာရောက်ပစ်ထားတာလို့ ယူဆရတဲ့အတွက် ကလေးကို ဆေးရုံကြီးနဲ့ဆက်သွယ်ပြီး သွားပို့ထား တယ်လို့သိရတာကြောင့် ဆေးရုံလိုက်သွားချိန်မှာတော့ ကလေးကို ဆေးရုံက တာဝန်ယူစောင့်ရှောက်မွေးစားမယ့် သူတွေကို ရှာဖွေပေးနေ တဲ့အတွက် အလှူငွေသာ လှူဒါန်းခဲ့တယ်။ မွေးစားမယ့်သူတွေနဲ့ အဆင် မပြေရင် အဖွဲ့အနေနဲ့ကူညီဖို့အဆင်သင့်ရှိနေတယ်လို့ဆိုပါတယ်။

““ကလေးမွေးစားမယ့်သူတွေကိုကျွန်တော်ကအပြီးမလွှဲသေးဘူး၊ ဘာကြောင့်လဲဆိုတော့တချို့က ကလေးကိုမွေးချင်တာပဲရှိတယ်။ ကလေး ချေးပါရင်တော့ ရွံတာကိုမြင်ရတယ်၊ ကလေးချစ်ရင်ကလေးတစ်ယောက် ရဲ့ချေးကလူ သေးကလူကိုလည်းခံရမယ်လေ။ ဒါမှဒီကလေးကိုသူ ချစ် တယ်။ ရေရှည်ဂရုစိုက်နိုင်ပြီးကလေးနဲ့ပါတ်သက်ရင်စိတ်ချရမယ်။ အဲလို မဟုတ်ရင်တော့ ကျွန်တော်ကပြန်ခေါ်ထားလိုက်တယ်”” ဆိုတဲ့ ကိုဇော်ထွန်းက ကြို့ပင်ကောက်မြို့မှာ သူငယ်ချင်းတွေနဲ့ ပရဟိတ အလှူ သွားလုပ်ရင်းသင်္ချိုင်းမြေမှာ စွန့်ပစ်ခံထားရတဲ့ကလေးငယ်ကို ပွေ့ချီလိုက် ပြီးနောက်မှာ အလင်းသစ်ဦးတည်ရာမိဘမဲ့ ကလေးများကူညီထောက်ပံ့ ရေးအဖွဲ့ကို တည်ထောင်ဖို့ဆုံးဖြတ်မိသွားသူဖြစ်ပါတယ်။

လစဉ်သိန်းဂဏန်းချီဝင်တဲ့ ဆယ်စုနှစ်တစ်ခုစာသင်္ဘောသားအလုပ် ကို စွန့်လွှတ်လိုက်ပြီး မိဘမဲ့ကလေးများကူညီထောက်ပံ့ရေးအဖွဲ့စတင် ဖွဲ့စည်းချိန်က ကလေးစောင့်ရှောက်စရိတ်တွေအတွက် အလှူငွေကို တစ်လမ်းဝင်တစ်လမ်းထွက် လိုက်ကောက်ခဲ့ရာမှာ တချို့ တချို့ရဲ့ အထင်သေးခြင်း အယုံအကြည်မဲ့ခြင်းတွေနဲ့ကြည့်တဲ့ အကြည့်တွေ ကိုလည်း ခံခဲ့ရတယ်လို့ကိုဇော်ထွန်းကဆိုပါတယ်။

အင်းစိန်ဘူတာရုံမှာ စွန့်ပစ်ခံကလေးငယ်တစ်ဦးကို မွေးစားလိုက်တဲ့အုပ်ထိန်းသူရင်ခွင်မှာကော်ရှူတဲ့ ကလေးငယ်တစ်ယောက်ဖြစ်နေ တာကို ပြန်လည်ကောက်ယူပေးဖို့လည်း ဒီရက်ပိုင်းအတွင်းမှာ စီစဉ် လို့နေပြန်ပါတယ်။
ဒမိဘတွေ ဆွေမျိုးတွေအနေနဲ့ မမွေးနိုင်လို့ စွန့်ပစ်မယ်ဆိုရင် ကလေးကို စိတ်ချရတဲ့ နေရာတွေမှာ ထားစေချင်တယ်၊ ဒီအတိုင်းတွေ့ ရာနေရာမှာထားခဲ့လို့ မသမာသူလက်ထဲရောက်သွားမှာ စိုးရိမ်တယ်””
စွန့်ပစ်ထားတဲ့ကလေးငယ်တွေကို ကိုယ်တိုင်သွားရောက်လက်ခံယူ ပေးပြီး ဆေးစစ်တာတွေကိုအရင် လုပ်ပေးပါတယ်။ ပိုလီယိုဖြစ်နေတဲ့ ကလေး၊ မသန်စွမ်းဖြစ်နေတဲ့ ကလေးအပါအ၀င် အိတ်ခ်ျအိုင်ဗီဖြစ်နေတဲ့ ကလေးတွေ၊ မိဘစွန့်ပစ်ထားတဲ့ ကလေးငယ်တွေကိုလည်း ဆက်သွယ်ရင် သူခေါ်မွေးစားပေးမှာပဲဖြစ်ပါတယ်။

““စွန့်ပစ်ခံကလေးတွေလဲ တိုင်းပြည်ရဲ့ ပညာတတ်တွေ ဖြစ်နိုင် တာပဲလေ။ သူတို့ လေးတွေလမ်းဘေးမှာ လေလွင့်နေတာကို မကြည့်ရက် ပါဘူး၊ သူတို့လေးတွေ စာသင်ခန်းထဲမှာ စာသင်နေတာကိုပဲ မြင်ချင်ပါ တယ်၊ ကျွန်တော့်ဆီပို့ပေးတဲ့ ကလေးတွေကို အချိန်မရွေးပြန်လာကြည့် နိုင်ပါတယ်၊ စာသင်နေပြီး ပျော်ရွှင်နေတဲ့ ကလေးတွေ ဖြစ်နေတယ်ဆိုတာ သက်သေပြနိုင်တယ်၊ နောက်အရွယ်ရောက်လို့မိဘတွေအနေနဲ့ပြန်ခေါ် ချင်ပါတယ်ဆိုရင်လည်းပြန်ပေးပါတယ်။ တစ်ခုတော့ရှိတယ်ကလေးဘွဲ့ရပညာတတ်တဲ့အချိန်ထိတော့ကျွန်တော်ပြန်ပေးမှာမဟုတ်ဘူး။ ပညာ တတ်ပြီးအလုပ်လုပ်နိုင်ပြီဆိုမှပြန်ပေးမယ်”” လို့ရဲရဲဝံ့ဝံ့ပြောနေတဲ့ ကိုဇော်ထွန်းက ကလေးမိဘတွေကိုလည်းကလေးစွန့်ပစ်ရတဲ့အကြောင်း ကိုအပြစ်မတင်တဲ့အပြင် အခုလိုထောက်ပံ့စောက်ရှောက်ခွင့်ရတာကိုပဲ ကျေနပ်ပျော်ရွှင်နေတာကိုတွေ့ရပါတယ်။

မိဘမဲ့ကလေးငယ်၊ စွန့်ပစ်ခံကလေးငယ်တွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ မြန်မာနိုင်ငံမှာလူမှု ၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ စမတောင်မိဘမဲ့ကလေးကျောင်းနဲ့အခြားမိဘမဲ့ကလေး ဌာနပေါင်းများစွာရှိနေသော်လည်း အခုလိုတွေ့ရာနေရာကနေဆက်သွယ် ပေးရင်လာရောက်ကောက်ယူခြင်းနဲ့သက်ဆိုင်ရာဆက်စပ်ဌာနတွေဆီ ဒါမှမဟုတ်မွေးစားချင်သူတွေဆီ ကူညီထောက်ပံ့မှုပေးနေတဲ့အလင်း သစ်ဦးတည်ရာမိဘမဲ့ ကလေးများကူညီထောက်ပံ့ရေးအဖွဲ့မှာကိုဇော် ထွန်းအပါအ၀င် စိတ်တူမိတ်ဆွေ အချို့က ငွေပဒေသာပင်စိုက်ထူခြင်း၊ သီးသန့်အလှူငွေကောက်ခံခြင်းတွေနဲ့ရပ်တည်နေပါတယ်။

““ တခြားဘယ်အဖွဲ့အစည်းရဲ့အထောက်အပံ့ကိုမှကျွန်တော်မယူပါဘူး၊ နိုင်ငံတကာအဖွဲ့အစည်းတွေပါလာရင်ကျွန်တော်တို့က လွတ်လပ် မှာမဟုတ်တော့ဘူး ကျွန်တော်က လွတ်လပ်မှုနဲ့ပဲကျွန်တော်ချစ်တဲ့ ကလေးတွေကိုကူညီချင်တယ်”” လို့ ကိုဇော်ထွန်းက လူငယ်ပီပီတာဝန်ယူမှုအပြည့်ယူလိုစိတ်နဲ့ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲရွှေတိဂုံစေတီတော်ကြီးရဲ့ရင်ပြင်တော် ပေါ်မသန်းစွမ်းကလေးငယ်တစ်ဦးကိုစွန့်ပစ်သွားလို့ကောက်ယူဖို့ကြိုး စား ပေမယ့်အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးက တာဝန်ယူကယ်ဆယ် လိုက်တဲ့အတွက် အဆင်ပြေပြေဖြစ်သွားခဲ့ပါတယ်။ မှတ်ပုံတင်မရသေး တဲ့အတွက်အဖွဲ့တစ်ခုအနေနဲ့လှုပ်ရှားရတာမှာအန်္တရာယ်များစွာ၊အခက် အခဲများစွာ ကြုံတွေ့ရပြီးကြုံလာမယ့် အန်္တရာယ်တွေကိုရှောင်လွှဲနိုင်ဖို့အ မြဲစဉ်းစားရပါတယ်။ ဒါပေမယ့် သင်္ဘောသားဘ၀တုန်းက ရှိတဲ့ ငွေလေး တွေနဲ့ အငှားယာဉ် ထောင်ထားသူကိုဇော်ထွန်းကဘယ်လိုအခက်အခဲ မျိုးကြုံနေပါစေ ““ဘယ်နေရာမှာပဲရှိရှိ အစ်ကိုက လိုက်ကောက်မှာပဲ။ ဒါ ကြောင့် ကလေးငယ်တွေကိုမစွန့်ပစ်ပါနဲ့၊ လာခေါ်မယ်၊ ဘယ်လိုအကြောင်း မျိုးဖြစ်ဖြစ်ကူညီမှာပါ။ အလင်းသစ်ဦးတည်ရာမိဘမဲ့ကလေးများကူညီ ထောက်ပံ့ရေးအဖွဲ့အမှတ် ၁၁ ၊ ပထပ်၊ ရွှေဘိုလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း ၀၉-၃၁၅၁၇၇၀၄။ ၀၉-၂၅၂၇၀၃၃၀၃ ကိုသာဆက်သွယ်လိုက်ပါ”” လို့ သတင်းစကားပါးလိုက်ပါတယ်။

 ဘယ် နေရာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ်၊ ဘယ်အရွယ်ပဲဖြစ် ဖြစ်စာဖတ်သူအနေနဲ့စွန့်ပစ်ထားတဲ့ကလေးငယ်တစ်ယောက်ယောက် ကို တွေ့ခဲ့မယ်ဆိုရင်အထက်ကဖုန်းနံပတ်ကိုသာ ဆက်သွယ်ပေးလိုက်ပါ။ ကိုဇော်ထွန်းဆိုတဲ့သဘောင်္သားလူထွက်ကလာကောက်ပါလိမ့်မယ်ခင် ဗျာ။

နေညိုညို
Reporter News Journal
https://www.facebook.com/REPORTER.JOURNAL
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment