မတွေ့ဖူးသူနှစ်ဦး တွေ့ဆုံဖို့ စီစဉ်ချိန်းတွေ့တယ်ဆိုတာမျိုးဟာ အိမ်ထောင်မရှိ လူငယ်တွေအတွက်သာဖြစ်ကြောင်း ယူဆသူတွေအတွက်တော့ ထူးဆန်းတဲ့ သတင်းလေးဖြစ်ပါတယ်။ အရှေ့တရုတ်ပြည် Shandong ပြည်နယ် Jinan မြို့ Zhongshan ပန်းခြံမှာ ကြာသပတေးနေ့က မတွေ့ဖူးသူနှစ်ဦး တွေ့ဆုံဖို့ စီစဉ်ချိန်းတွေ့ပွဲကို သက်ကြီးရွယ်အို ရာနဲ့ချီ စုရုံးခဲ့ရောက်ရှိခဲ့ကြပါတယ်။
အမျိုးသား အသက်ကြီးဆုံး ၈၆ နှစ်ထိ နဲ့ အမျိုးသမီး အသက်ကြီးဆုံး ၇၃ နှစ် ရှိသူတွေနဲ့အတူ အဲဒီပွဲမှာ လူ အယောက် ၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း China Foto Press က ဆိုတယ်။
လာရောက်ပါဝင်ကြသူတွေဟာ ဆောင်းဦးရာသီကို အတူဖြတ်သန်းကုန်ဆုံးစေဖို့ အဖော်တစ်ဦး လိုက်ရှာကြတာဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကျတော့ ပင်လယ်ကမ်းခြေမှာ တစ်ဦးတည်း ဆက်လက်နေထိုင် သွားဖို့ မျှော်လင့်ချက်ရှိကြပါတယ်။
လာရောက်ပါဝင်တဲ့ အသက် ၈၁ နှစ်ရှိသူ Mr. Shang ဆိုသူကတော့ “ညညဆို တစ်ဦးတည်း အိပ်ယာပေါ် တစ်ဦးတည်း စိမ်ပြေနပြေ ဖြတ်သန်းပါတယ်။ စကားပြောဖော်ဘယ်သူမှ မရှိပါဘူး။ ရေ (သို့) လက်ဖက်ရည်ရယ် ကိုယ်ရယ်ပါပဲ။ ပျော်ရွှင်မှုရှာတွေ့ဖို့ မျှော်လင့်ပါတယ်”လို့ သူက ပြောဆိုခဲ့ပါတယ်။
ဒီနှစ်ဆိုရင် ဒီပွဲကျင်းပတာ (၉) နှစ်မြောက်တဲ့နှစ် ဖြစ်ပါတယ်။ လာရောက်သူတွေအနေနဲ့ ပါဝင်ခွင့်ရဖို့ အမျိုးသားဆို အသက် ၆၀ ရှိရမှာဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ ကတော့ အသက် ၅၀ ကျော်ဖြစ်ရပါမယ်။
Ref: CCTV
Source:trend.com.mm
0 comments:
Post a Comment