ကမ္ဘာ့အရပ်အပုဆုံး လူသား အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်


၁ ပေ နဲ့ ၉.၅ လက်မသာ ရှည်ပြီး ပေါင်ချိန် ၃၁ ပေါင်သာရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံး လူသား Chandra Bahadur Dangi ဟာ American Samoa ဆေးရုံမှာ အရင်တစ်ပတ်က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
အဆုတ်ယောင်ရာဂါခံစားနေခဲ့ရတဲ့ Dangi ကို နီပေါနိုင်ငံမှာ အရင်က ကုသမှုပေးနေခဲ့တာဖြစ်ပြီး အခြေအနေ ဆိုးရွားလာတာကြောင့် American Samoa ကို ပို့ ဆောင်ခဲ့ရတာဖြစ်ပါတယ်။သေဆုံးသွားပြီဖြစ်ပေမယ့်လည်း Dangi ဟာ ကမ္ဘာ့အရပ်အပုဆုံးလူသား ဂင်းနစ်စံချိန်ကို ဆက်လက် ပိုင်ဆိုင်မှာဖြစ်ပါတယ်။
Dangi ဟာ ၁၉၉၇ ခုနှစ်မှာ သေဆုံးခဲ့တဲ့ ကမ္ဘာ့အရပ်ပုဆုံးစံချိန်ဟောင်း ပိုင်ရှင်၊ အရပ် ၁ ပေ ၁၀.၅ လက်မရှိတဲ့ Gul Mohammed နေရာကို ရယူထားတာဖြစ်ပါတယ်။ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်ားအဖွဲ့ ကလည်း Dangi ကွယ်လွန်မှုကို အလွန်တရာဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ကတင် Dangi ဟာ လန်ဒန်မြို့ ကို အလည်အပတ်လာခဲ့ပြီး တူရကီနိုင်ငံက အရပ် ၈ ပေ ၃ လက်မရှိတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးလူသား Sultan Kosen နဲ့ တွေ့ ဆုံခဲ့ပါသေးတယ်။
Ref: huffingtonpost
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment