ရေမဆေးကျောက်ရှာဖွေနေစဉ် မြေစာပုံပြိုကျ၍ သေဆုံး၊ ဒဏ်ရာရ

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images
 နေပြည်တော် စက်တင်ဘာ ၂၈

 ကချင်ပြည်နယ် ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ မြေစာပိမိ၍ သေဆုံး၊ ဒဏ်ရာရရှိသူများ ရောက်ရှိ နေကြောင်း သတင်းအရ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဆိပ်မူရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဖားကန့် မြို့နယ် ကောင်ဆန်ကျေးရွာနေ ခိုင်ထူး(၂ဝ)နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူ များမှာ ရဲဝင်းအောင်(၂၅)နှစ်နှင့် ရဲမင်းထွန်း(၂ဝ)နှစ်တို့ဖြစ်သည်။

 ၎င်းတို့ သုံးဦးသည် ယင်းနေ့ နံနက် ၁ နာရီ ခန့်က ကောင်ဆန်ကျေးရွာအနီး စိန်လုံကျောက်မျက်ကုမ္ပဏီလုပ်ကွက် အတွင်းရှိ အမြင့်ပေ ၁ဝဝ ခန့်ရှိ မြေစာ ပုံအောက်ခြေတွင် ရေမဆေး ကျောက်ရှာဖွေနေစဉ် မြေစာများ ရုတ်တရက်ပြိုကျရာက မြေစာခဲများ ထိမှန်၍ ခိုင်ထူးတွင် ဦးခေါင်းနောက်စေ့ဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ရဲဝင်းအောင်နှင့် ရဲမင်းထွန်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment