၂၀၁၄ မှာ တက်္ကသိုလ်ဝင်တန်း စာမေးပွဲ ကျဆုံးခဲ့ပေမယ့် ပြန်လည် ကြိုးစားခဲ့တာကြောင့် ချာအိုပန်ဟာ အခုဆိုရင် ချောင်ဒူးဒေသက ဆီချောင်တက္ကသိုလ်မှာ ဥပဒေ အထူးပြုဘာသာနဲ့ ပထမနှစ်သင်ခန်းစာကို တက်ရောက် သင်ယူနေပြီ ဖြစ်ပါတယ်။ ချာအိုပန်ဟာ သာမန်လူတွေလို မဟုတ်ဘဲ လက်နှစ်ဖက်မရှိတဲ့ ဘ၀နဲ့ တက္ကသိုလ်မှာ လာရောက် ပညာသင်ယူနေ ခြင်း ဖြစ်ပါတယ်။ ချောင်အိုပန်ရဲ့ ပထမဆုံး တက္ကသိုလ်နေ့ရက် အတွေ့အကြုံတွေဟာ စိတ်ဝင်စားစရာ ကောင်းတာကြောင့် သတင်းဌာန တစ်ခုက သွားရောက်ပြီး မှတ်တမ်းတင် ရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။ နံနက်မိုးသောက်ကစပြီး တက္ကသိုလ်တက်ဖို့ ဘယ်လို ပြင်ဆင်ရသလဲ ဆိုတာ သိနိုင်ဖို့ မှတ်တမ်း တင်ခဲ့တာ ဖြစ်ပါတယ်။ လက်နှစ်ဖက် မရှိသူဖြစ်ပေမယ့် ပညာကို သင်ယူလိုချင်စိတ်ကြောင့် အခက်အခဲမျိုးစုံကို ဖြတ်သန်းပြီး ကြိုးစားနေရတာကို အခြားသူတွေ သိရှိနိုင်အောင် ကြိုးစားတင်ပြထားခြင်း ဖြစ်ပါတယ်။
ချာအိုပန်ဟာ ကျောင်းသွားဖို့ နံနက် (၇း၀၀) နာရီမှာ အိပ်ရာထပါတယ်။ ဒီနောက် ကိုယ်လက် သန့်စင်မှု ပြုလုပ်ပါ တယ်။ ဒီလိုပြုလုပ်ရာမှာ အခန်းဖော်တွေကလည်း ကူညီကြပါတယ်။ ချာအိုပန်ဟာ ခြေထောက်နဲ့ အရာအားလုံးကို လုပ်နိုင်အောင် လေ့ကျင်ထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အခန်းဖော်တွေရဲ့ ကူညီမှုတွေဟာ သူ့အတွက် စိတ်ခွန်အား ဖြစ်စေပါတယ်။ ထမင်းစားခြင်း၊ ဖုန်းသုံးခြင်း၊ ကွန်ပျူတာသုံးခြင်း တို့ကိုလည်း ခြေထောက်နဲ့ ကောင်းစွာ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ အခန်းဖော်တွေဟာ သွားတိုက်ခါနီး သွားတိုက်ဆေး ထည့်ပေးခြင်းစတဲ့ အကူအညီတွေ ပေးတာကြောင့် ချာအိုပန်အတွက် ကျောင်းတက်ရာမှာ အခက်အခဲ သိပ်မတွေ့ခဲ့ရပါဘူး။ ကျောင်းနဲ့ အဆောင်ဟာ နှစ်ကီလိုမီတာကျော်မှာ ရှိတာကြောင့် လမ်းလျှောက်ပြီး သွားလေ့ရှိရာ မိနစ် (၂၀) လောက် အချိန်ယူရပါတယ်။ ချာအိုပန်ဟာ ကျောင်းမှာ အမှတ်ကောင်းကောင်းရဖို့ အချိန်ပို သင်ကြားမှုတွေ ပြုလုပ်ခဲ့သလို သူငယ်ချင်းတွေ အကူအညီနဲ့ စာကြည့်တိုက်က စာအုပ်တွေကိုလည်း လေ့လာ ဖတ်ရှုလေ့ရှိပါတယ်။ လက်နှစ်ဖက်မရှိသူ တစ်ဦးရဲ့ ပထမဆုံး တက္ကသိုလ်နေ့ရက် ဖြတ်သန်းမှုက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
Source:messenger news journal
0 comments:
Post a Comment