ကိုယ့်အသင်းကိုယ် အားပေမယ်




အက်စ်တွန်ဗီလာနဲ့ ဘာမင်ဂမ်တို့က ဘာမင်ဂမ်မြို့မှာ အခြေစိုက်ကြတဲ့ ခါးသီးမြို့ခံ ပြိုင်ဘက် အသင်းတွေပါ။

သူတို့၂သင်း တွေ့ဆုံတဲ့ ပွဲစဉ်တွေကို ဒုတိယမြို့တော် ဒါဘီပွဲလို့လည်း ခေါ်ဆိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်တွေကို တွေ့မြင်ရမှာပါ။

ဒီတစ်ပတ် ကြားရက်မှာ ကစားမယ့် ကတ်ပီတယ်ဝမ်းဖလား ပွဲစဉ်ရဲ့ တတိယအဆင့် ပွဲစဉ်တွေမှာ သူတို့၂သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်လည်း ပါဝင်ပါတယ်။

ဘာမင်ဂမ်မြို့က ဂျွန် ဂွတ်ဒီဖဲလိုးနဲ့ ယက်စ်မင် ရိုမန်ဆိုတဲ့ လင်မယား ၂ယောက်က တစ်အိမ်တည်းမှာ အတူနေကြတာပါ။

သူတို့၂ယောက်က ၂၀၁၂မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး တွေ့ဆုံခဲ့တာကလည်း လွန်ခဲ့တဲ့ ၈နှစ်က ကစားခဲ့တဲ့ ဗီလာ - ဘာမင်ဂမ် ဒါဘီပွဲစဉ် တစ်ပွဲမှာ စတင်ဆုံတွေ့ ခဲ့ကြတာပါ။

ကျန်တဲ့ နေရာတွေမှာ အကြိုက်ချင်း တူချင်တူမှာပါ။ ဒါပေမယ့် အားပေးတဲ့ အသင်းတွေကတော့ မတူညီကြပါဘူး။

ဂျွန်က ဗီလာကို အရူးအမူး အားပေးတဲ့ ပရိသတ်ဖြစ်ပြီး ယက်စ်မင်က ဘာမင်ဂမ်ရဲ့ အမာခံ ပရိသတ် တစ်ယောက်ပါ။

သူတို့အိမ်ကိုလည်း လာမယ့် ဒါဘီင်္ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။

အိမ်ကို ၂ခြမ်းခြမ်းထားပြီး တစ်ခြမ်းမှာ ဗီလာရဲ့ နီညိုနဲ့ အပြာနုရောင်ကို ခြယ်သထားသလို တစ်ခြမ်းကိုတော့ ဘာမင်ဂမ်ရဲ့ အပြာနဲ့ အဖြူရောင်တွေ စီရင်ထားပါတယ်။

သူတို့ရဲ့ အိပ်ယာခင်းက တစ်ခြမ်းကို နီညို၊ အပြာနုရောင်ဖြစ်ပြီး နောက်တစ်ခြမ်းက အပြာ၊ အဖြူရောင်တွေ ဖြစ်ပါတယ်။

ခေါင်းအုံးတွေကလည်း ဗီလာနဲ့ ဘာမင်ဂမ်လိုဂိုတွေ ပါဝင်တဲ့ ခေါင်းအုံးတွေပါ။

သူတို့ လင်မယားမှာ အမွှာ သမီး၂ယောက်ရှိပြီး ဆိုဖီယာနဲ့ ဆီနာလို့ အမည်ပေးထားပါတယ်။

သမီး တစ်ယောက်က ဗီလာ ပရိသတ် ဖြစ်ပြီး ကျန်တစ်ယောက်က ဘာမင်ဂမ် ပရိသတ် ဖြစ်နေတာကတော့ မဆန်းပါဘူး။

ယက်စ်မင်က ပြောဆိုရာမှာ “ကျွန်မတို့ ၂ယောက် မျက်နှာချင်းဆိုင်လို့ မရတာက ကိုယ်အားပေးတဲ့ အသင်းနဲ့ ပတ်သက်တဲ့ အခါမှာပါ၊

ဘမင်ဂမ် ဒါဘီပွဲစဉ် ဆိုရင်တော့ အကြီးမားဆုံး ပွဲစဉ်ဖြစ်ပြီး ထူးခြားတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်၊ ဒီပွဲကိုတော့ အိမ်ကနေပဲ ကြည့်ရှုကြမှာပါ၊

ကတ်ပီတယ်ဝမ်းကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ကတ်ပီတယ်ဝမ်းရဲ့ စပွန်ဆာဆိုင်ရာ အကြီးအကဲ ဂျေဆင်ကားက ပြောဆိုရာမှာ “ကတ်ပီတယ်ဝမ်း ဖလား တတိယအဆင့် ပွဲစဉ်တွေမှာ ပွဲကြီးပွဲကောင်းတွေ ပါဝင်နေပါတယ်၊

ကျွန်တော်တို့ကလည်း ပြိုင်ပွဲရဲ့ စပွန်ဆာ ဖြစ်တဲ့ အတွက် ဒါဘီပွဲစဉ်တွေက မိသားစုတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အားပေးတဲ့ အသင်းကို လိုက်ပြီး ဂျာစီအရောင် ကွဲပြားစေပါတယ်၊

ယက်စ်မင်နဲ့ ဂျွန်လည်း ဒီပွဲစဉ်ကို အမှန်အကန် အားပေးမယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး၊

ဒီပွဲက သူတို့ သမီးတွေ အတွက် ပထမဆုံး အားပေးရမယ့် ဒါဘီပွဲလည်း ဖြစ်နေလို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။

ကတ်ပီတယ်ဝမ်းဖလား တတိယအဆင့် ပွဲစဉ်တွေကိုပါ ဖော်ပြလိုက်ပါတယ်။

၂၂-၉--၂၀၁၅ (အင်္ဂါည ပွဲစဉ်များ)

ဗီလာ - ဘာမင်ဂမ်

ဖူလ်ဟမ် - စတုတ်စီးတီး

ဟူးလ်စီးတီး - ဆွမ်စီး

လက်စတာ - ဝက်စ်ဟမ်း

မစ်ဒယ်ဘရော့ - ဝုလ်

ပရက်စ်တန် - ဘုန်းမောက်

ဆန်းဒါးလန်း - မန်စီးတီး

ရီးဒင်း - အဲဗာတန်


၂၃-၉-၂၀၁၅ (ဗုဒ္ဓဟူးည ပွဲစဉ်များ)

ခရစ္စတယ်ပဲလေ့စ် - ချာလ်တန်

အမ်ကေဒွန် - ဆောက်သမ်တန်

နယူးကာဆယ် - ရှက်ဖီး ဝမ်းနက်စ်ဒေး

နောဝစ်ခ်ျ - ဝက်စ်ဘရွန်း

စပါး - အာဆင်နယ်

ဝါဆော - ချဲလ်ဆီး

လီဗာပူး - ကာလီစလီ

မန်ယူ - အစ်ဆွစ်ခ်ျ

Source: planet myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment