တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကယား(ကရင်နီ) ပြည်နယ်ခရီးစဉ်တွင်း မော်ချီးတွင် ရဟတ်ယာဉ်ဆင်းနိုင်ရန် လုပ်အားပေး ခိုင်းစေခဲ့သည် ဟု ဒေသခံများက ပြောသည်။
ရဲထွဋ်ကျော် ကုမ္ပဏီ၏ တာဝန်ခံက ရဟတ်ယာဉ်ကွင်း ဖောက်လုပ်ရန် ကျင်းဦးစီးများကို အကူအညီတောင်းပြီး တစ်ကျင်းလျှင် ၂ ယောက်နှုန်းလုပ်အားပေး ထည့်ပေးလိုက်ရ သည်ဟု အမည်မဖော်လိုသူ ကျင်းပိုင်ရှင် တဦးကပြောသည်။
“အလုပ်သမားတွေကို ညနေ ၄ နာရီကနေ မနက်မိုးလင်းတဲ့ထိ မရပ်မနားအလုပ်လုပ် ခိုင်းတယ်၊ နောက်နေ့ ပင်ပန်းပြီး အလုပ်မလုပ်နိုင်တော့ သူတို့ ခမျာ တစ်နေကုန် အိပ်ရ ပါတယ်၊ လာခေါ်တော့ လုပ်အားခပေးမယ် ထမင်းကျွေးမယ်ဆိုပြီး ထမင်းလဲ ၀၀လင်လင် မကျွေးဘူး၊ ငွေလဲမပေးပါဘူး၊ ကျမတို့ မနေ့က အတွက်စိုက်ပေးသလို နောက်နေ့ အတွက် နစ်နာတဲ့အနေနဲ့ လုပ်အားခထည့်ပေးရပါတယ်” ကျင်းပိုင်ရှင်တဦးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
ရဟတ်ယာဉ်ဆင်းရန် လိုခါးလို ဘောလုံးကွင်းကို ဘိလပ်မြေ အိတ်၆၀နှင့် ညချင်း အင်္ဂတေကိုင်ကြရသည်။
စက်တင်ဘာ ၂၃ ရက်တွင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သည် လွိုင်ကော်၊ မော်ချီးနှင့် ဘောလခဲ့သို့ သွားရောက်ခဲ့သည်။
မော်ချီးဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး လူမှုကူညီရေး အတွက် ကားတစီးနှင့် ၂ လ အတွင်း ဖုန်းသုံးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။
စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

0 comments:
Post a Comment