(မြန်မာ) ကော့သောင်း-(ထိုင်း)ရနောင်း နယ်စပ်ဖြတ်သန်းခေ ကာက်ခံမှုနှုန်းထားအား ထိုင်းဘက်မှ လျှော့ချကောက်ခံ


ကော့သောင်း စက်တင်ဘာ ၂၂

(မြန်မာ)ကော့သောင်း-(ထိုင်း)ရနောင်း နယ်စပ် တစ်လျှောက် ဖြတ်သန်း သွားလာသူ ပြည်သူများအား ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီး ကြပ်ရေးဌာနမှ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ နယ်စပ်ဖြတ်သန်းခကောက်ခံမှု နှုန်းထားအား လျှော့ချကောက်ခံ လျက်ရှိကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် ကော့သောင်းမြို့မှ ရနောင်းမြို့သို့ နိစ္စဓူဝ အပြန်အလှန် ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကား လျက်ရှိသည့် နှစ်နိုင်ငံပြည်သူများအား လူတစ်ဦးလျှင် ယခင်ကာလက ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ နယ်စပ်ဖြတ်သန်းခနှုန်းထားအဖြစ် ထိုင်းငွေ ၃ဝ ဘတ်နှုန်း ကောက်ခံနေခဲ့ရာမှ စက်တင်ဘာ ၁၉ ရက်မှစတင်၍ ၃ ဘတ်နှုန်းသို့ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ထိုင်းနိုင်ငံ၏ ခရီးသွားလာမှုဆိုင် ရာမူဝါဒအရ လျှော့ချကောက်ခံခြင်းဖြစ်ရာ ဒေသနေခရီးသွားပြည်သူများ၊ အခြေခံလူတန်းစား ဈေးရောင်းဈေးဝယ်များ ဝမ်းမြောက်ကြိုဆိုလျက်ရှိကြောင်း သိရသည်။

ဖြတ်သန်းရာတွင် ထိုင်းနိုင်ငံသို့အဝင် ခရီးသည်တင်ကူးတို့လှေ (ပဲ့ချိတ်)ပေါ်ပါ ခရီးသည်စာရင်းအား လှေမောင်းသူမှပြုစု၍ ထိုင်းရေဆိပ် လ.ဝ.ကရုံးသို့ တက်ရောက်သတင်းပို့ပြီး ခရီးသည်များအား ဓာတ်ပုံမှတ်
တမ်းရယူခြင်း၊ လိုအပ်သည့်ကိုယ်ရေး အချက်အလက်များ ဖြည့်စွက်ပြီး ဖြတ်သန်းခ ၃ ဘတ်ပေးသွင်းကာ ထိုင်းနိုင်ငံနယ်နိမိတ် ၁၆ ကီလိုမီတာအတွင်းသို့ ရက်သတ္တပတ်ကြာ နေထိုင်လည်ပတ် ဈေးရောင်းဈေးဝယ်သွားလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အထွက်တွင် မြန်မာ လူဝင်မှုကြီးကြပ်ရေးဌာန အနေဖြင့် နယ်စပ်ဖြတ်သန်းမှုအဖြစ် မြို့ခံပြည်သူများအား နှစ်နှစ်သက်တမ်း သတ်မှတ်ထားသည့်Border Pass (BP) စာအုပ်ထုတ်ပေးပြီး ဖြတ်
သန်းခအဖြစ် တစ်ဦးလျှင် ငွေကျပ်၃ဝဝ၊ ဒေသခံမဟုတ်သူများအား ခရီးတစ်ခေါက်အတွက် ယာယီ Temporary Border Pass (TBP)ကတ်ဖြင့် ဖြတ်သန်းခငွေကျပ် ၁ဝဝဝ နှုန်း ကောက်ခံဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်းပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment