မဲစာရင်းမှာပါသူတွေကို မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပေးမည်


 လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် သက်သေခံလက်မှတ် ရရှိထားသူအားလုံး မဲပေးခွင့်ရမှာဖြစ်သလို တပြိုင်နက်မှာ တခြားသူကိုယ်စား လိမ်လည်မဲပေးမယ့်သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲကောက်မရှင်က အခုနောက်ဆုံးထုတ်ပြန်ထားတဲ့ မဲစာရင်းမှာပါတဲ့သူတွေကို မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

"အဓိကက ဘာလဲဆိုလို့ရှိရင် ရေဘေးဖြစ်သွားတဲ့အခါကျတော့ တော်တော်များများမှာ မှတ်ပုံတင်ကဒ်ပြားတွေ ပျက်သွားတာတို့ ပျောက်သွားတာတို့၊ အိမ်ထောင်စုစာရင်းတွေ ပျက်သွားတာတို့ရှိတယ်၊ အဲဒီအခါကျတော့ ဒီပုဂ္ဂိုလ်တွေ မဲလာပေးမယ်ဆိုရင် မှတ်ပုံတင်ကဒ်တွေ မရှိတော့တဲ့အတွက် သူတို့ အခွင့်အရေးဆုံးရှုံးမှာကို စိုးရိမ်တယ်၊ အဲဒါကြောင့်မို့ မစိုးရိမ်ပါနဲ့ ဒီအတွက်ကို မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ထုတ်ပေးပါ့မယ်၊ အဲ့လိုပေးတဲ့နေရာမှာ သူတို့တင်မကဘူး၊ မဲဆန္ဒရှင်အားလုံးပေါ့ မဲဆန္ဒရှင်အားလုံးဆိုတာ အခုနောက်ဆုံးအတည်ပြုပြီးရင် မဲစာရင်းမှာပါတဲ့ မဲဆန္ဒရှင်အားလုံးကိုလည်း ထုတ်ပေးပါမယ်"

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေးပြီးသွားသူတွေရဲ့ ထင်ရှားတဲ့နေရာမှာ မှင်နဲ့ရိုက်နှိပ်အမှတ်အသားပြုလုပ် သွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မဲစာရင်းမှားယွင်းမှုတွေကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ ပြင်ဆင်တင်ပြခွင့်ပြုထားပြီး ရေးဘေးသင့်ဒေသတွေက ပြည်သူတွေအတွက် အမှားပြင်ဆင်နိုင်တဲ့ရက်ကို တိုးပေးထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment