ကားစရိုက်တာနဲ့ အခြားဇာတ်ကားတွေအတွက် တော်တော်များများ လာငှားကြတယ်လို့ ဖွင့်ဟလာတဲ့ မုဏ်း







၂၀၀၈ ခုနှစ်ကတည်းက အနုပညာလောကထဲမှာ ရပ်တည်နေခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ MRTV 4 ကတင်တဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ဇာတ်လမ်းတွဲတွေပြန်လည်ရိုက်ကူးနေပြီး ၂၀၁၅မှာ အပြင်တိုက်တွေနဲ့ပါ ဗီဒီယိုကားတွေ စတင်ရိုက်ကူးလာပြီဲဖြစ်တဲ့ မုဏ်းနဲ့ တွေ့ဆုံခိုက်
-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
အခုရိုက်နေတာက ရောင်စုံဝက်အူများတဲ့။ အခုရိုက်နေတဲ့အခန်းက ရှုတင်ပေါ်က အခန်းကိုရိုက်နေတာပေါ့။ ရှုတင်ပေါ်မှာ မင်းသမီးနေရာကနေ ဧည့်သည်သရုပ်ဆောင်အဖြစ်လာကူညီပေးတာပါ။
-တခြားအနုပညာလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။
ညီမကိုစိုင်း၊ ရွှေမှုန်၊ ခင်ဝင့်ဝါ၊ ဟန်လင်းသန့်တို့နဲ့အတူ ကားကြီးရိုက်နေပါတယ်။ ကားနာမည်လေးက ချိုမြိန်သော လက်စားချေခြင်းပါ။ ဒါရိုက်တာကဦးမီးပွား၊ အရှေ့မှာ မကစ်နဲ့ရိုက်ပြီး ပျက်သွားတဲ့ ကားကိုပြန်ရိုက်တဲ့ ကားလေးပေါ့။ ကားကြီးကတော့ ပထမဦးဆုံးပေါ့။ ဗီဒီယိုအနေနဲ့ကတော့ ၆ကားရှိပါပြီ။ အရှေ့မှာ ဇေရဲထက်၊ ကိုမင်းသွေး၊ ကိုစည်ဖြိုး၊ကိုထက်ပိုင်ဦးတို့နဲ့အတူရိုက်ကူးထားပါတယ်။
-အရင်ကရော အနုပညာလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်သေးလဲ။
ညီမက MRTV 4 ကပါ။ ထာဝရမန္တလေး တို့Happy Beach တို့ဟာသကျေးရွာတို့ ကံ ကံ ဧ။် အကျိုးတို့ မှာ ပါဝင်သရုပ်ဆောင်ပါတယ်။
-အနုပညာလောကထဲမှာ ကျင်လည်လာတာရောဘယ်လောက်ရှိသွားပြီလဲ။
 ၂၀၀၈ကစလုပ်တာ။ ဒါပေမဲ့မလုပ်ဖြစ်ပဲ ထွက်သွားပြီး ၂၀၁၃ မှာ ဇာတ်လမ်းတွဲတွေ ပြန်စရိုက်တယ်။ အပြင်ကားတွေက အခုမှပြန်လုပ်ဖြစ်တာပါ။ အရင်က MC လုပ်တယ်။ ဇာတ်လမ်းတွေထဲမှာ နည်းနည်းပါးပါး သရုပ်ဆောင်တယ်။ အမ်တီဗီလေးတွေ ရိုက်တယ်။
-အခုရိုက်နေတဲ့ ကားကြီးပြီးရင်ရော ဘာတွေ လက်ခံထားတာရှိဦးမလဲ။
အခုက ဦးပွားတို့နဲ့ကားကြီး ရိုက်နေတယ်။ ပြီးတော့ ၂၉ ရက်နေ့မှာကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်  အဲ့ဒါပြီးရင် ကိုဇေရဲထက်နဲ့ဗီဒီယိုတစ်ကား ရိုက်ဖို့ရှိတယ်။ အဲ့ဒါပြီးရင်ပန်းဒေါင်းပေါ့။ ရက်ရွှေ့သွားတဲ့ကားကြီးကို ပြန်ရိုက်ဖို့ရှိပါတယ်။
-အခုနောက်ပိုင်းမှာ အနုပညာနဲ့ပတ်သက်ပြီးပိုပြီးလုပ်လာရတယ်။ အဲ့ဒီအပိုင်းလေးနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။
အခုတော့ကြိုးစားဆဲပေါ့။ ညီမကမီဒီယာနဲ့လဲ သိပ်ပြီးထိတွေ့မှုမရှိဘူး။ တချို့ဆို မုဏ်းဆိုရင်သို့လောသို့လောတွေဖြစ်နေကြတာ။
-နိုင်ငံခြားခရီးစဉ်တွေရောသွားဖို့ရှိဦးမလား။
ဟုတ်။ အခုလာမဲ့ ၂၅ ရက်နေ့မှာ သွားမှာပါ။ ဘန်ကောက်မှာ မျက်လုံးခွဲထားတော့ သွားသွားပြီးပြန်ပြနေရတာ။ အရင်ကမျက်ကြည်လွှာကို ဓားနဲ့ခြစ်ထားတော့ မျက်လုံးကို လေဆာပစ်ထားတာမို့လို့ပါ။
-ကားကြီးတွေကျတော့ ဘယ်လိုအဆက်အသွယ်နဲ့ရိုက်ဖြစ်တာလဲ။
အခုမုဏ်းကလေ စရိုက်မယ်ဆိုတာနဲ့တော်တော်များများက လာငှားကြတယ်။ ကိုယ်ရိုက်ထားတဲ့ဟာလေးတွေကိုကြည့်ပြီး သူတို့ကလဲ ဒီကောင်မလေး မဆိုးဘူး။ လုပ်နိုင်တယ်ဆိုပြီးလာငှားကြတယ်လို့ပဲထင်ပါတယ်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment