လေးနှစ်အရွယ် ကလေးကို သတ်ကာ ရွှေနားကွင်းလုသည် ဆိုသော ကလေးနှစ်ဦးကို ဖမ်းမိ





ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ တာကွေ့ကျေးရွာတွင် စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းက အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်ကို သတ်ကာ ရွှေနားကွင်း လုယက်ခဲ့သည်ဟု သံသယရှိသော အသက် ၈ နှစ်နှင့် ၁၂ နှစ် အရွယ်ရှိ ယောက်ျားလေးနှစ်ဦးကို သက်သေခံပစ္စည်းများနှင့် ဖမ်းမိထားကြောင်း ညောင်တုန်းမြို့နယ် ချောင်းကြီးနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

တာကွေ့ကျေးရွာ၊ ကျောင်းလမ်းတွင် နေထိုင်သော မူကြို (မူလတန်းကြို) တက်နေသော အသက် ၄ နှစ်အရွယ် မအိမြတ်နိုးမှာ နေအိမ်အနီးရှိ ကိုးနဝင်းဘုရားဝင်းတွင် ဆော့ကစားနေစဉ် တစ်ရွာတည်း နေထိုင်သော သုံးတန်းကျောင်းသားတစ်ဦးနှင့် တစ်တန်းကျောင်းသားတစ်ဦးတို့က ဝတ်ဆင်ထားသည့် ရွှေနားကွင်းကို လုယက်ရိုက်နှက်ကာ ရေနစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“ကလေးမက နေ့လယ် ၂ နာရီတည်းက အိမ်ကထွက်သွားတာ ပြန်မလာလို့ လိုက်ရှာတာ မတွေ့တော့ တစ်ရွာလုံးက လူတွေဝိုင်းရှာတာ ညနေ ၅ နာရီလောက်မှာ ဘုရားနောက်က တောစပ်ချုံထဲမှာ အလောင်းကို ပြန်တွေ့ခဲ့တယ်၊ ဆေးစစ်ချက်အရ ရိုက်နှက်ပြီး ရေနှစ်သတ်တာလို့ သိရတယ်” ဟု တာကွေ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောကြားသည်။

အဆိုပါ အလောင်းဖျောက် လုယက်လူသတ်မှုကို ရဲတပ်ဖွဲ့က စုံစမ်းရာ ကလေးငယ် မသေဆုံးခင် ဘုရားဝင်းအတွင်း အထက်ပါ ကလေနှစ်ဦးနှင့်အတူ ကစားနေသည်ကို ရွာရှိကလေးအချို့က မြင်တွေ့ခဲ့သဖြင့် ယင်းကလေးငယ်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ လူသတ်ပြီး လုယက်ခဲ့သည့် ရွှေနားကွင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ညောင်တုန်းမြို့နယ် ချောင်းကြီးနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

“သေဆုံးသူ ကလေးမနဲ့ ဘုရားဝင်းထဲ အတူဆော့နေတဲ့ ကောင်လေးနှစ်ယောက်က ကလေးမကို ကြာပန်းတွေ ခူးပေးမယ်ဆိုပြီး ဘုရားအနောက်ဘက် တောစပ်ကို ခေါ်သွားတာ၊ ကလေးမ ဝတ်ထားတဲ့ နားကွင်းကို ချွတ်ယူတော့ မပေးဘူးအော်လို့ ကလေးမကို ဝိုင်းရိုက်နှက်ပြီး တောစပ်က ရေအိုင်ထဲ ရေနှစ်သတ်ခဲ့တာလို့ ထွက်ဆိုတယ်” ဟု ညောင်တုန်းမြို့နယ်ရှိ ချောင်းကြီးနယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ရိုက်နှက်ကာ ရေနှစ်သတ်ခဲ့သူများမှာ မူကြိုကျောင်းသူလေးကို ရေနှစ်သတ်ပြီး စွန့်ပစ်ထားသော နေရာသို့ ထပ်မံလာရောက်ကြည့်ခဲ့ရာတွင် ကလေးငယ်မှာ မသေဆုံးသေးသည်ကို တွေ့ရှိခဲ့သောကြောင့် အနီးရှိ ဝါးချွန်ဖြင့် ဘယ်ဘက်မျက်လုံးကို ထိုးဖောက်ကာ ထပ်မံရေနှစ်သတ်ခဲ့သည်ဟု စစ်ဆေးသိရှိရကြောင်း ညောင်တုန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

Credit: The Voice Weekly
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment