ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် မဲဆွယ်


 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကာကွယ်ရေး ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က မိမိအနေနဲ့ မဲရဖို့အတွက် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက် လှူဒါန်းခဲ့တာမဟုတ်ကြောင်းနဲ့ အဲဒီအလှူကြောင့် မဲပေးတာမျိုး မလုပ်ကြဖို့ကို ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။

ဒီကနေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်က ပြောလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်က ပုဗ္ဗသီရိမြို့နယ် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက်ဆိုပြီး ကျပ်သိန်း ၆၀၀ ကျော်ဖိုးလှူဒါန်းခဲ့တယ်လို့ ကိုယ်စားလှယ်လောင်း ဦးဝေလွင်က ပြောပါတယ်။ အဲဒီအတွက် ကော်မရှင်ထံမဲဆွယ်တယ်ဆိုပြီး တိုင်ကြားထားတာရှိကြောင်းလည်း သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းတို့ဟာ တပ်မတော်ကနေ အငြိမ်းစားယူပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေအဖြစ် နေပြည်တော် ပုဗ္ဗသီရိနဲ့ ဇေယျာသီရိ မဲဆန္ဒနယ်မြေတွေကနေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး တပ်မတော်အရာရှိတွေနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment