အိပ်မက် ဘာကြောင့်မက်ရသလဲအပေါ် လက်ရှိခေတ်စားနေတဲ့ အယူအဆတချို့





အိပ်မက်မက်ခြင်းအကြောင်းနဲ့ ပတ်သက်လို့ သိပ္ပံပညာရပ်မှ ခုချိန်ထိ တိတိကျကျစုံစုံလင်လင် ရှင်းပြပေးထားတာတော့ မရှိသေးပါဘူး။ သို့ပေမယ့် ကျွန်ုပ်တို့ အိပ်ပျော်ပြီး အိမ်မက်ကမ္ဘာထဲ ဘာကြောင့် လွင့်မျောသွားကြရသလဲဆိုတဲ့အပေါ် သီအိုရီများစွာ ရှိပါတယ်။
(၁) အိပ်မက်မက်တယ်ဆိုတာ
ကုန်ဆုံးခဲ့တဲ့နေ့ရက်မှာ တွေ့ဖူးမြင်ဖူးခဲ့သမျှ ပေါင်းစပ်မှုတစ်ခုပဲဖြစ်တယ်။ ဦးနှောက်က အချက်အလက်ပေါင်းများစွာ ကျော်ဖြတ်ခဲ့တယ်။ အိမ်မက်မက်ခြင်းဟာ ဘယ်ဟာကို ဆက်လက်မှတ်သားပြီး ဘယ်ဟာကိုတော့ မေ့ဖျောက်ရမယ်ဆိုတာ ဆုံးဖြတ်ခြင်းပဲဖြစ်ပါတယ်။
(၂) စိတ်ခံစားချက်များ
အိပ်မက်တွေဟာ စိတ်ခံစားချက်တွေနဲ့ ပတ်သက်ဆက်နွယ်နေနိုင်ပါတယ်။ ပျော်ရွှင်နေရင် အိမ်မက်ကောင်းတွေ မက်ပြီး စိတ်သောကများနေရင် အိမ်မက်ဆိုး မက်ကောင်း မက်နိုင်ပါတယ်။ ညအချိန်မှာ စဉ်းစားတွေးတောချိန် ပိုနည်းတာကြောင့် ဦးနှောက် အလုပ်ဆောင်မှု လျော့နည်းပြီး စိတ်ခံစားချက်တွေ အမြင့်ဆုံးအထိရောက်သွားပါတယ်။
(၃) စိတ်ခံစားချက် - ၂
အပြန်အလှန်အနေနဲ့ အိပ်မက်တွေက မိမိစိတ်ခံစားချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တာတွေ များတယ်လို့ တချို့မှတ်ယူကြတယ်။ သာဓကအနေနဲ့ ခက်ခဲပင်ပန်းတဲ့နေ့တစ်နေ့ကို ကျော်ဖြတ်ခဲ့အခါ စိတ်တွေ ပျောက်ပြယ် သွားစေဖို့ ပျော်စရာကောင်းတဲ့ အိပ်မက် ရှိလာမှာဖြစ်ပါတယ်။
(၄) စိတ်လိုက်မာန်ပါအတိဖြစ်ခြင်း
အိပ်မက်က ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာတွေထက် အိပ်မောကျနေစဉ် ဖြစ်ပျက်တဲ့ အတည်တကျမရှိတဲ့ စိတ်နိုးဆော်မှုသာဖြစ်ပြီး ဘာယုတ္တိမှ မရှိဘူးလို့ တချို့က ပြောကြပါတယ်။
(၅) မှတ်ဥာဏ်ပြန်ပေါ်ခြင်း
နိုးနေတဲ့အချိန်မှာ တစ်ခုခုကို လျက်တပြက်သာ ကြည့်ခဲ့ပေမယ့် အိမ်မောကျနေတဲ့အချိန်မှာ ဦးနှောက်က ပို အကဲခတ်လေ့လာနေမိပါလိမ့်မယ်။ 
Ref: independent
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment