ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၆
ဆင်ပေါင်ဝဲမြို့နယ် သာယာကုန်းကျေးရွာရှိ အမက(၄၁)မူလွန်ကျောင်း၌ စက်တင်ဘာ ၂၃ ရက်က ကျောင်းသူတစ်ဦး အိမ်သာဆားဗစ်ကျင်းသစ်အတွင်း ပြုတ်ကျသေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသူကလေးငယ်ကို ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် မုဒိမ်းမှု၊ လူသတ်မှုတို့ဖြင့် ပြောင်းလဲအမှုဖွင့် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက သာယာကုန်းကျေးရွာ ရှိ အမက(၄၁)ကျောင်းတွင် ကျောင်းသူတစ်ဦး အိမ်သာဆားဗစ်ကျင်းအတွင်း ပြုတ်ကျသေဆုံးနေကြောင်း သတင်းအရ သေဆုံးသူကလေးငယ်ကို ချောင်းကောက်တိုက်နယ် ဆေးရုံသို့ ပို့အပ်ပြီး ရင်ခွဲ စစ်ဆေးခဲ့ရာ မုဒိမ်းမှုမြောက်သည့်လက္ခဏာရှိပြီး ဦးခေါင်းဇက်ကျိုး၍ သေဆုံး ခြင်းဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာမွန်စိုးရီ၏ စက်တင်ဘာ ၂၅ ရက် ရက်စွဲပါ ထင်မြင်ချက်ဆေးစာ ပြန်ကြားစာအရ ပြစ်မှုကျူးလွန်သူအား စုံစမ်း ဖော်ထုတ်နိုင်ရေး ကိုးပင်နယ်ရဲစခန်းမှ ပြောင်းလဲ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။ ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:
Post a Comment