လိပ်ကျွန်းလူသတ်မှုဖမ်းဆီးခံ မြန်မာနှစ်ဦး ပြန်လွှတ်ပေးရေး မေတ္တာရပ်ခံပေးရန် ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာသံရုံးအထူးအဖွဲ့ တောင်းဆိုမည်ဟုဆို




လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ် သားနှစ်ဦးအား ပြန်လွှတ်ပေးရန် နိုင်ငံချင်းချိတ်ဆက်ပြီး မေတ္တာရပ် ခံပြောကြားပေးရန် မြန်မာသံရုံး အထူးအဖွဲ့က တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ထံ စာပေးပို့ တောင်းဆိုမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မြန်မာလုပ်သားနှစ်ဦးတွင် အပြစ်မရှိကြောင်း ပေါ်လွင်ထင်ရှားနေပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိပ်ကျွန်းလူသတ်မှု ကို စိတ်
ဝင်စားမှုရှိ၍ မေတ္တာရပ်ခံ ခိုင်းရခြင်းဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောသည်။

‘‘ကာကွယ်ရေးဦးစီးချုပ်က လိပ်ကျွန်းအမှုကို စိတ်ဝင်စားပြီး ကူညီဆောင်ရွက်ပေးနေတာ ရယ်၊ ထိုင်းလက်ရှိစစ်အစိုးရက ကာကွယ်ရေးဦးစီးချုပ်ကို လေး စားချစ်ခင်တာရယ်ကြောင့် ကာ ကွယ်ရေးဦးစီးချုပ်ကို မေတ္တာရပ် ခံခိုင်းချင်တာပါ။ တကယ်လည်း ဒီကလေးတွေမှာ အပြစ်မရှိဘူး လေ’’ဟု ဦးထူးချစ်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင်လည်း လိပ်ကျွန်းလူသတ်မှု အမှုမှန်ပေါ် ပေါက်ရေးဆောင်ရွက်နေသော မြန်မာသံရုံးအထူးအဖွဲ့အား တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမေရိကန်ဒေါ်လာငါးထောင် ထောက်ပံ့ပေးခဲ့ပြီး ကာချုပ်က လိပ်ကျွန်းလူသတ်မှုကို တရားမျှတစွာစီရင်ပေးရန် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။

လိပ်ကျွန်းလူသတ်မှုအမှန် တရား ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံသားများအားလုံး ၀ိုင်း ၀န်းကူညီကြရန်နှင့် သက်သေ ထွက်ဆိုနိုင်သူများရှိပါက ထိုင်း နိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးသို့ ဆက်သွယ်ကြရန် ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေတ္တာရပ်ခံစာ ထုတ်ပြန်သည်။

လိပ်ကျွန်းလူသတ်မှုကို စစ် ဆေးကြားနာမှုသည် အထူးအ ရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေ၍ ၀ိုင်းဝန်းကူညီပေး ကြရန် စက်တင်ဘာ ၁၇ ရက်စွဲ ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသော ၀င်း ဇော်ထွန်းနှင့် ဇော်လင်းတို့က ခုခံ လျှောက်လဲချက်များပေးရန် ထိုင်း တရားသူကြီးက အောက်တိုဘာ ၁၀ ရက် နှင့် ၁၁ ရက်သို့ ရုံးချိန်း တိုးပေးထားသည်။ ၀င်းဇော်ထွန်း ကို အောက်တိုဘာ ၁၀ ရက်တွင် စစ်ဆေးမည်ဖြစ်ပြီး ဇော်လင်းကို အောက်တိုဘာ ၁၁ရက်တွင် စစ် ဆေးမည်ဖြစ်ကြောင်း ရှေ့နေဦး အောင်မျိုးသန့်ကပြောသည်။

အောက်တိုဘာ ၁၁ ရက် တွင် အပြီးသတ်အမိန့်ချမည့်ရက် ကို ကြေညာဖွယ်ရှိကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment