ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မိဘနှစ်ပါး နိုင်ငံသားမဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးသိန်းညွှန့် တိုင်းတန်းခံရမှုအပေါ် မစွက်ဖက်လိုဟု ဆို


သက်ဆိုင်ရာဝန်ကြီးဌာန စိစစ်တွေ့ရှိချက်အရ မိဘနှစ်ပါး နိုင်ငံသား မဖြစ်သည့်အတွက် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ထားသူ အား ရွေးကောက်ပွဲဝင်ခွင့် ပေးလိုက်ခြင်းအားဖြင့် တရားခံအဖြစ် မခံလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦင်္းတင်အေးက စက်တင်ဘာ ၂ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ရုံးတွင် ကျင်းပသည့် မီဒီယာတွေ့ဆုံ သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ မေးမြန်းချက်အား ပြန်လည်ဖြေကြား ခဲ့သည်။

သို့သော် မိဘနှစ်ပါးလုံး တရုတ်နိုင်ငံသားအဖြစ်မှ မွေးဖွားလာ သည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးသိန်း ညွန့်ကိုမူ တိုင်ကြားစာ လက်ခံ ရရှိထားသော်လည်း အချိန်နှောင်းသွားပြီဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း ၀င်ခွင့်ကို မပယ်ချပေးနိုင်တော့ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ၀န်ခံပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ် သတင်းစာ ၏ ဖော်ပြချက်အရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း ခရိုင်ရွှေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ၀င်ရောက်စွက်ဖက်ခြင်း မပြုလိုကြောင်း ခရိုင်၏ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း အဆိုပါ သတင်း တွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်လောင်း ဦးသိန်းညွန့်သည် ၂၀၁၀ ခုနှစ် ရွေးကောက်ခံ တပ်မတော်အရာရှိဟောင်း ဖြစ်ပြီး လက်ရှိ နေပြည်တော်မြို့တော်ဝန် လည်းဖြစ်နေ သည့်အတွက် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရိုးလုပ်စဉ် စိစစ်ခြင်းလုပ်ငန်းများကို ကျော်ဖြတ်နိုင်ခြင်းဖြစ်ကြောင်း တိုင်ကြားထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ဆိုသည်။

ဝန်ကြီးဦးသိန်းညွန့်၏ မိဘများသည် တရုတ်ပြည်မှ ၀င်ရောက်လာ သူများဖြစ်ကြောင်း၊ သူသည် ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သူ၏ ဖခင်မှာ နိုင်ငံသားခံယူမှုမရှိဘဲ ၁၉၅၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ကြောင်း အဆိုပါ တိုင်ကြား အသိပေးစာ၌ ဖော်ပြထားသည်ဟု သိရသည်။


ဦးသိန်းညွန့်၏ မိဘအမည်များမှာ ဦးအုံဝှက်နှင့် ဒေါ်ဂျင်းယင်ဖြစ်ကြောင်း မအူပင်မြို့ခံ ကိုသန့်ဇင်က အတည်ပြု ပြောဆိုခဲ့သည်ဟု မြန်မာတိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

အသိပေးတိုင်ကြားစာသည် စိစစ်ရေးကာလကျော်လွန်ပြီးမှ ရောက်ရှိ လာသည့်အတွက် ဦးသိန်းညွှန့်၏ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပြန်လည်သုံးသပ် မည်မဟုတ်ဟု မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့အတူပင် မအူပင်လ၀က ဒုဦးစီးမှူး ဦးကျော်ဝင်းက စိစစ်ရေး လုပ်ငန်းစဉ် အတွင်း ဦးသိန်းညွန့်၏ ကိုယ်ရေးရာဇ၀င်ကို သဘောမျှသာ ကြည့်ရှုခဲ့ကြကြောင်း ၀န်ခံပြောကြားပြီး ဦးသိန်းညွန့်မွေးဖွားချိန် တွင် နိုင်ငံသား ဖြစ်နေခြင်း ရှိ/မရှိကိုမူ အတည်ပြုဖြေကြား ရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ ရွေးကောက်ပွဲ ၀င်ရောက်ခွင့် ရရှိသူသည် နောင်တစ်ချိန်တွင် တရားမ၀င်ကြောင်းတွေ့ ရှိခဲ့ သော် ပယ်ချခံရပြီး ပြစ်မှုကြောင်းဖြင့် အရေးယူခံရမည် ဟု ဖော်ပြ ထားသည်။

အကယ်၍ သတ်မှတ်အရည်အသွေး မပြည့်မီဘဲ အမတ်လောင်းအဖြစ် တမင် ခွင့်ပြုခဲ့သည်ကို ခရိုင်အာဏာပိုင်များက တွေ့ရှိရပါလျှင် ဥပဒေအရ တရားဝင်အရေးယူ ခံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ဆိုသည်။

“ကျွန်တော်က ဘာပြောရမလဲဆိုတော့ ဒါက ကော်မရှင်လုပ်ငန်း မဟုတ်ဘူး။ ကော်မရှင် လုပ်ငန်းဆိုရင် ဘာကြောင့် ဆိုတာပြောနိုင် တယ်။ ကော်မရှင်လုပ်ငန်းမဟုတ်တဲ့ အခါကျတော့ သူ့သက်ဆိုင်ရာ လ၀ကနေပြီးတော့ သူဟာ မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသား မဟုတ်ဘူး ဆိုရင် ပယ်ကိုပယ်ရပါတယ်။ အဲ့ဒါကို သူကဟုတ်ကြောင်းကို သက်သေပြနိုင် ရမယ်။ သူတို့ချင်းက မဆုံးဖြတ်နိုင်သေးသမျှကတော့ ကျွန်တော်ကသွားပြီး သူ့ကိုလိုအပ်လို့ပေးတယ်ပြောရင် ကျွန်တော် တရားခံဖြစ် သွားမှာပေါ့” ဟု စက်တင်ဘာ၂ ရက်နေ့က မိဘနှစ်ပါးနိုင်ငံသားမဖြစ်၍ ပယ်ချခံခဲ့ရသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် ပတ်သက်သည့် မီဒီယာ၏ မေးမြန်းချက်ကို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ယင်းအနေဖြင့် ဥပဒေအရ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမည် ဆိုသည့်အတွက် ယင်းအနေဖြင့် လက်ခံလိုက်ပါက ဘာကြောင့် လက်ခံ လိုက်သနည်းဟု ပြောကြားလာနိုင်ကြောင်း ၎င်းအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောခဲ့ဆိုသည်။

၂၀၁၀ ကာလအတွင်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားခြင်းအား လ၀က ၊ ပြည်ထဲရေးနှင့် ရွေးကောက်ပွဲ ကော်မရှင်မှ ပူးပေါင်းစိစစ်ရာတွင်လည်း မိဘနှစ်ပါး နိုင်ငံသားမဖြစ်မှုအတွက် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်လိုက်ရသူ ၃၇ ဦးခန့်ရှိကြောင်း ထို့အထဲတွင်း ၃၀ ဦးမှာ အာဏာရ ပါတီမှ လျှောက်ထားသူများနှင့် ဒုတိယ၀န်ကြီး ဟောင်းများပင် ပါဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း ရောက်ရှိနေသည့် အမတ် ၄ ဦး ကိုလည်း ခုံရုံးဖွဲကာ မိဘ နှစ်ပါး နိုင်ငံသားမဖြစ်သည့်အတွက် လွှတ်တော်ရောက်ပြီးမှ ပြန်လွှတ်လိုက် ရခြင်းများရှိကြောင်း ထိုစဉ်က အထောက်အထားခိုင်လုံစွာ မပြနိုင်သည့်အတွက် ဥပဒေအရ မိဘနှစ်ပါး နိုင်ငံသားမဖြစ်သူများလည်း ကျန်ခဲ့နိုင်ကြောင်း ယင်းက ဆက်လက်ပြောသည်။

စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment