အစိုးရ၀န်ထမ်းများအနေဖြင့် ဖိအားပေးမဲထည့်ခိုင်းသည့်တိုင် မကြောက်မရွံဖြင့် မဲပေးရန်
 နေပြည်တော် ၊ စက်တင်ဘာ ၂၃
တစ်စုံတစ်ဦးက ဖိအာပေးကာ ပါတီတစ်ခုကို မဲထည့်ခိုင်းသည့်တိုင် အစိုးရ၀န်ထမ်းများအနေဖြင့် မကြောက်မရွံ့ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုမဲထည့်ပေးရန် ဇဗ္မူသီရီမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း (ပုဗ္ဗသီရီမြို့ နယ် ၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) ဦးဖြိုးဇေယျာသော်ကပြောသည်။
ဦးဖြိုးဇေယျာသော် ၀င်ရောက်ယှဉ်ပြိုင်မည့် ဇဗ္မူသီရီမြို့ နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာများသို့ မဲဆွယ်စည်းရုံးရေးဟောပြောပွဲများပြုလုပ်လျက်ရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့ က အလျင်လိုကျေးရွာရှိ ဒေသခံများနှင့်တွေ့ ဆုံပွဲမစတင်မီ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“သိဒ္ဓိ ကိုးရပ်ကွက်လို့ ပြောလို့ ရတဲ့ ပြည်သူ့ ဝန်ထမ်းတွေအများစုနေထိုင်တဲ့ ရပ်ကွက်တွေမှာတော့ ကျွှန်တော်တို့ က ဟောပြောပွဲတွေလုပ်ဖို့ အခက်အခဲရှိတယ် ဘာဖြစ်လို့ လည်းဆိုတော့ အဲ့ဒီရပ်ကွက်တွေမှာဆိုရင် လူထုစုစည်းလို့ ရလောက်တဲ့ နေအီမ်မျိုးလည်းမရှိဘူး အမှန်တော့ အဲ့ဒီရပ်ကွက်တွေမှာ ရပ်ကွက် ဓမ္မာရုံ တွေမှာဟောပြောခွင့်ပေးရင်တော့ဟောပြောပိုင်ခွင့်ရှိမှာပေါ့ လက်ရှိအခြေအနေမှာတော့ ဓမ္မာရုံတွေမှာဟောပြောဖို့ အခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်မို့ လို့ ဟောပြောပွဲတော့တော့ အခုချိန်ထိစီစဉ်နိုင်ခြင်းမရှိသေးဘူး အဲ့ဒီတော့ ကျွှန်တော်တို့ ကတော့ တစ်အီမ်တစ်ဆင်း မဲဆွယ်စည်းရုံးမှုပဲလုပ်ကိုင်ဆောင်နိုင်မှာပါ ” ဟု ၎င်းကပြောသည်။
တစ်အီမ်တစ်ဆင်းမဲဆွယ်စည်းရုံးဟောပြောမှုများပြုလုပ်ရန်မှာလည်း ၀န်ထမ်းများရုံးဆင်းကာအီမ်ပြန်ရောက်ချိန်ညနေပိုင်း (သို့ မဟုတ်) စနေ ၊ တနင်္ဂနွေ နေ့ ရက်များမှသာပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။
“ ဒီမိုကရေစီရရှိရေးအတွက်နဲ့ စစ်မှန်တဲ့လူ့အခွင့်အရေးတွေ၊ ပြည့်ဝတဲ့လူ့အခွင့်အရေးတွေရရှိဖို့အတွက်လည်း ပြည်သူ့ရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဆက်အကောင်အထည်ဖော်သွားမယ်လို့လည်း ရဲရဲကြီး အာမခံပါတယ်” ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပါက ပြည်သူ့ ဘဏ္ဍာများကို ခိုးယူစားသုံးမည်သူမဟုတ်ပဲ ပြည်သူ့ လူထု၏ချွေးနှဲစာနိုင်ငံဘဏ္ဍာများကို ခိုးယူစားသုံးမှုလုံးဝပြုလုပ်မည်မဟုတ်သည်ကို အာမခံသည်ဟုဆိုသည်။
၂၀၁၂ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရီမြို့ နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ငါးသောင်းကျော်ရှိခဲ့သည့်အနက် အစိုးရ၀န်ထမ်းများမှာ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ သုံးပုံနှစ်ပုံပမာဏဖြစ်သော သုံးသောင်းကျော်ရှိခဲ့ပြီး ယခုမဲစာရင်းများထုတ်ပြန်ရာတွင် ဇမ္ဗူသီရီမြို့ နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူနှစ်သောင်းကျော်သာပါရှိခဲ့ပြီး အစိုးရ၀န်ထမ်းများ၏မဲစာရင်းများ အတိအကျ မပါရှိသေးကြောင်း ဦးဖြိုးဇေယျာသော်ကပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း (လေတပ်ဦးစီးချုပ်ဟောင်း ၊ ဆက်သွယ်ရေးဝန်ကြီး) ဦးမြတ်ဟိန်း ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ခိုင်မိုး ၊ တ.စ.ည ပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်အေး နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
ဇမ္ဗူသီရီမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုပြည်ဥူ့ လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဦးဖြိုးဇေယျာသော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံခဲ့ရသူတစ်ဦးဖြစ်ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပုဗ္ဗသီရီမြို့ နယ်တွင်အနိုင်ရရှိခဲ့သူဖြစ်သည်။
စလုံး
The Street View
http://thestreetviewjournal.com
Share on Google Plus
About Editor
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment
0 comments:
Post a Comment