‘‘တစ်ချိန်ချိန်မှာတော့ သက်ရှိလိုမျိုးကျန်တာတွေကို စွန့်လွှတ်ပြီး ချစ်သူဆီကိုသွားမလား၊ မသွားမလားဆိုတာတော့ အခုအချိန်မှာ ကျွန်တော်ကိုယ်တိုင်လည်း မပြောနိုင်ပါဘူး’’





လတ်တလော ရုံတင်ပြသနေသည့် ‘ကျူးပစ်ရဲ့ကျေးကျွန်များ’ရုပ်ရှင် တွင် အချစ်အတွက် အရာရာကို စွန့်လွှတ်သူ ‘သက်ရှိ’ဟူသည့် ဇာတ်ကောင်နေရာတွင် သရုပ် ဆောင်ထားသော စိုင်းစိုင်းခမ်း လှိုင်ကို ယခင်ဇာတ်ကားများထက် သရုပ်ဆောင်ကောင်းလာသည်ဟု ပရိသတ်များက မှတ်ချက်ပြုနေကြ ပြီး အဆိုတော်အဖြစ်သာမက ရုပ် ရှင်သရုပ်ဆောင်အဖြစ်ပါ မှတ် တိုင်သစ်စိုက်ထူနိုင်ခဲ့ပြီဟု ချီးကျူး မှုများထွက်ပေါ်နေပြီဖြစ်သည်။ ထို့ကြောင့် သက်ရှိအဖြစ် ပရိသတ် အားပေးမှုရရှိနေသော စိုင်းစိုင်းခမ်းလှိုင်ကို ‘ကျူးပစ်ရဲ့ ကျေးကျွန် များ’ရုပ်ရှင်အကြောင်းအပါအဝင် ၎င်း၏အနာဂတ်အနုပညာလှုပ် ရှားမှုများအကြောင်း တွေ့ဆုံမေး မြန်းခဲ့ပါသည်။ 


အခုရုံတင်နေတဲ့ ‘ကျူးပစ်ရဲ့ကျေး ကျွန်များ’ ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သက်ရှိရဲ့ကာရိုက်တာရဖို့ ဘယ်လောက်စိတ်နှစ်ပြီး သရုပ်ဆောင်ခဲ့ရလဲ။

အရမ်းကြီးတော့ ဖိအား မများပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အပြင်က ကာရိုက်တာကတော့ ဒီ ကောင့်လောက်တော့မအေးချမ်းဘူး။ မတည်ငြိမ်ဘူး။ 

‘နင့်ကိုငါ... အရမ်းချစ်တာဟ’ဆို ပြီး ဖွေးဖွေးကို ထိုးလိုက်တဲ့ ဇာတ်ဝင်ခန်းရိုက်ဖို့ ကိုဝိုင်းနဲ့ တော်တော်ညှိခဲ့ရတယ်ဆိုတော့ အဲဒီအကြောင်းလေးပြောပြပေးပါဦး။

ကိုဝိုင်းက ဇာတ်ညွှန်းထဲမှာ ကိုယ်အရမ်းချစ်တဲ့မိန်းကလေး တခြားယောက်ျားတစ်ယောက်နဲ့ နမ်းနေတာကို မြင်တဲ့အချိန်မှာ တစ်သက်လုံးရန်မဖြစ်တဲ့ကောင် က ခံစားမှုပေါက်ကွဲပြီး ဧသု (နေတိုး)ကိုလည်း ကျွေးလိုက် တယ်။ နောက်ထပ် စကားလုံးတွေ နဲ့ အံ့ယွန်း (ဖွေးဖွေး)က မချစ် တော့ဘူး။ မချစ်တော့ဘူးဆိုတဲ့ အချိန်မှာ ကျွန်တော့်ကို ထိုးလိုက် ဖို့ (ဒါမှမဟုတ်) ရိုက်လိုက်ဖို့ဇာတ် ညွှန်းထဲမှာထည့်ရေးခဲ့ပါတယ်။ ကျွန်တော်စဉ်းစားတာတော့ ယောက်ျားတစ်ယောက်က မိန်း ကလေးတစ်ယောက်ကို မရိုက် ဘူး။ မထိုးဘူး။ စိုင်းစိုင်းခမ်းလှိုင် ဆိုရင်တော့ သေချာတယ်။ မရိုက် ဘူး။ အဲဒီတော့ ကျွန်တော်မရိုက် ချင်ဘူး။ ကိုဝိုင်းကလည်း သူ့ဇာတ် ညွှန်းအပေါ်မှာ ခေါင်းမာပါတယ်ဒါကလည်း လုပ်သင့်ပါတယ်။ ဘာကြောင့်ထိုးရတာလဲဆိုတော့ ဒီကောင်လုံးဝမခံနိုင်တော့ဘူး။ အချစ်စိတ်ကြောင့် ပေါက်ကွဲသွား ပြီ။ ကျွန်တော်က Reason (အ ကြောင်းပြချက်)လိုချင်ပါတယ်။ အသားလွတ်ထိုးလို့တော့မရဘူး။ အရမ်းချစ်တယ်။ ချစ်တယ်လို့ ပြောပြီး ထိုးမယ်လို့။ ဒါပေမဲ့ စိတ် တိုနေတာဆိုတော့ စောက်တွေ လည်းပါသွားတာ။ ကျွန်တော်တို့ ဒီအခန်းကိုရိုက်မယ်၊ မရိုက်ဘူး။ ထိုးမယ်၊ မထိုးဘူး။ စကားပြောနေ လို့ ရှုတင်တစ်ခုလုံး ဖွေးဖွေးတို့ ရော ထိုင်စောင့်နေရတာ။ ရုံထဲမှာ သွားကြည့်တော့ ပရိသတ်တွေက အဲဒီအခန်းကို လက်ခုပ်တောင် တီးတယ်။ ကိုဝိုင်း မှန်ပါတယ်။

ဒီဇာတ်ကားကို ပရိသတ်တွေနဲ့ အတူကြည့်ခဲ့တာဆိုတော့ အဲဒီ ခံစားမှုကိုကော ပြောပြပေးပါဦး။

ရုံထဲမှာကြည့်သလောက် တော့ ပရိသတ်တွေက ဒီဇာတ် ကားကို အတိုင်းအတာတစ်ခုအထိ တော့ ကျေနပ်အားရကြတယ်လို့ ယုံကြည်ပါတယ်။ တစ်ခုပဲ ကိုယ့် ကားကိုယ် ပရိသတ်တွေနဲ့ရုံထဲမှာ ကြည့်လေ့မရှိတော့ ရှက်တာဗျာ။ ကိုယ့်ရုပ်ကြီးပေါ်လာရင် မျက်နှာ ကိုကွယ်ပြီး မင်းသမီးကိုပဲကြည့် တယ်။

ပရိသတ်တွေက အဲဒီဇာတ်ကား ကြည့်ပြီး စိုင်းစိုင်းခမ်းလှိုင်ကော သက်ရှိလောက်ချစ်တတ်ပါ့မလား သိချင်နေကြတယ်ဆိုတော့ ပြော ပြပေးပါဦး။

အမှန်အတိုင်းအရိုးသားဆုံး ဝန်ခံရရင် ကိုယ်ရေးကိုယ်တာကိစ္စ တွေထက် ကျွန်တော့်ရဲ့ အနုပညာ၊ ဂီတနဲ့ ရုပ်ရှင်ကိုတော့ ပိုပြီးဦးစား ပေးခဲ့ပါတယ်။ အခုအချိန်ထိပေါ့။ တစ်ချိန်ချိန်မှာတော့ သက်ရှိလိုမျိုး ကျန်တာတွေကို စွန့်လွှတ်ပြီး ချစ် သူဆီကိုသွားမလား၊ မသွားမလား ဆိုတာတော့ အခုချိန်မှာ ကျွန် တော်ကိုယ်တိုင်လည်း မပြောနိုင် ပါဘူး။

အခုရုံတင်နေတဲ့ကားတွေမှာ အစ် ကိုခေါင်းဆောင်အနေနဲ့ သရုပ် ဆောင်ထားတဲ့ကားမပါသေးဘူး ဆိုတော့ ခေါင်းဆောင်အနေနဲ့ရိုက် ထားတဲ့ ဇာတ်ကားတွေက ဘယ် လိုစိန်ခေါ်မှုတွေရှိမယ်ထင်လဲ။

ကျွန်တော့် တစ်ယောက် တည်း ခေါင်းဆောင်ရိုက်တဲ့ကား တစ်ကားမှ ရုံမတင်သေးပါဘူး။ ကျွန်တော် တော်တော်ကိုပဲ ရင်ခုန် ပါတယ်။ ဒါနဲ့ဆိုရင် ရုပ်ရှင်ငါး ကားရုံတင်ပြီးပါပြီ။ အဓိကသရုပ် ဆောင်အနေနဲ့ စပြီးရုံတင်မှာက နောက်တင်မယ့် ‘ဧဒင်ရဲ့ နတ် သမီး’ပါ။ ကျွန်တော့်ကားတွေက တစ်နှစ်တစ်ကားရုံတင်နေတာ မဟုတ်တဲ့အတွက် ကားရုံတင်မယ် ဆိုတဲ့အချိန်မှာ အိပ်လို့တောင် မပျော်ပါဘူး။ ကျွန်တော်ရင်ခုန်ပါ တယ်။ အမှန်အတိုင်းဝန်ခံတာပါ။ အဲဒါကြောင့် ခေါင်းဆောင်အနေနဲ့ ရိုက်ထားတဲ့ကားကျရင် အများ ကြီးပိုဆိုးမှာပါ။ ဒါပေမဲ့ ကိုယ့် ဘက်ကတော့ ရိုက်ပြီးသွားပြီ။ တည်းဖြတ်ပြီးသွားပြီ။ ရုံပေါ် ရောက်တော့မယ်ဆိုတော့ အဲဒီ စာမေးပွဲကော အောင်ပါ့မလားဆို တာ အခုအချိန်မှာတော့ ကျွန် တော်လုပ်နိုင်တာ ဘုရားရှိခိုးတာပဲ ရှိတယ်။

ရုံတင်နေတဲ့ ‘ကျူးပစ်ရဲ့ ကျေး ကျွန်များ’ စာမေးပွဲကကော အောင်မှတ်ရခဲ့လား။

ပရိသတ်တွေက ကျွန်တော့် ကို စာမေးပွဲအောင်တယ်လို့ပြော ကြပါတယ်။ ကျွန်တော့်ကိုယ်ကျွန် တော်တော့ အောင်တယ်ဆိုရင် တောင် Moderation နဲ့အောင် တယ်လို့ယူဆပါတယ်။ ကျွန်တော် တကယ်ကို လိုအပ်နေပါသေး တယ်။

အဆိုတော်တစ်ယောက်ရဲ့ ရုပ်ရှင် ခရီးစဉ်က ထာဝရရုန်းကန်လှုပ် ရှားမှုတွေနဲ့လို့ ဖေ့စ်ဘွတ်ခ်မှာ ရင်ဖွင့်ဖူးတော့ သရုပ်ဆောင်တစ် ယောက်ဖြစ်ဖို့ ဘယ်လိုရုန်းကန်ခဲ့ ရလဲ။

အဆိုတော်တစ်ယောက် အနေနဲ့မှ မဟုတ်ပါဘူး။ ရုပ်ရှင် ရိုက်ကူးတယ်ဆိုတာ သီးခြားပညာ ရပ်တစ်ခုဖြစ်ပါတယ်။ ရုပ်ရှင် အလုပ်မှာ အံဝင်ခွင်ကျဖြစ်ဖို့ တော်တော်ကြိုးစားရပါတယ်။ ရုန်းကန် ရပါတယ်။ ဂီတလောကထဲမှာ အသားကျနေသလောက် ရုပ်ရှင် လောကမှာ အသားမကျသေးဘူး လို့ခံစားရတယ်။ အဲဒါကြောင့် လည်း ကြိုးစားရမယ်ဆိုတဲ့စကား ကို ထပ်ခါတလဲလဲပြောနေတာပါ။

ဂီတအနေနဲ့ သီချင်းအသစ်တွေ မထွက်တာကြာပြီဆိုတော့ သီချင်း အသစ်တွေလုပ်နေပြီလား။

ကျွန်တော်သီချင်းအသစ် မထွက်တာလည်းကြာပါပြီ။ ဒီရက် မှာလည်း သီချင်းအသစ်တွေလုပ် နေပါတယ်။ သိပ်မကြာခင် ကျွန် တော်ရည်ရွယ်ထားတာတော့ ဒီဇင်ဘာလောက်ပဲဖြစ်ဖြစ် အဲဒီ ပတ်ဝန်းကျင်လောက်မှာ ထွက်နိုင် အောင် ကြိုးစားနေပါတယ်။

အရင်က ဟစ်ဟော့ပ်ရှိုးတိုင်းလိုလို မှာ တွေ့ရပေမယ့် အခုနောက်ပိုင်း လုပ်တဲ့ ဟစ်ဟော့ပ်ရှိုးပွဲတွေမှာ မတွေ့ရတာက ဘာကြောင့်ပါလဲ။

သင်္ကြန်ပြီးကတည်းက ရန် ကုန်မှာ တစ်ပွဲပဲဆိုဖြစ်ပါတယ်။ မြန်မာဘီယာကလုပ်တဲ့ပွဲပါ။ ပြီး တော့ ရန်ကုန်နဲ့ မန္တလေးမှာ ဒီလ ထဲမှာ ကျွန်တော်အပါအဝင် ကျွန် တော့်သူငယ်ချင်းတွေနဲ့ အဖွဲ့ လိုက် ပွဲလုပ်ဖို့စီစဉ်ထားပေမယ့် ရေဘေးဖြစ်တဲ့အတွက် ပျော်ပွဲရွှင် ပွဲမလုပ်ချင်တာကြောင့် ရွှေ့ဆိုင်း ထားပါတယ်။ ဘယ်တော့ပြန်လုပ် ဖြစ်မလဲမသိသေးပါဘူး။

ရေဘေးအလှူအနေနဲ့ ဘာတွေ လုပ်ပေးဖြစ်လဲ။

အဓိကကတော့ ရန်ပုံငွေပွဲ တွေမှာ ဝင်ပါဖြစ်တယ်။ ရခိုင်နဲ့ ကလေးမှာ အလှူသွားလုပ်တာကို ကိုယ်တိုင်လိုက်သွားဖြစ်တယ်။ ဟိုရက်တွေက လူငယ်တွေလမ်း ပေါ်မှာလှူတဲ့အချိန်မှာလည်း လိုက်နိုင်တဲ့အချိန်မှာလိုက်သွား ကြတယ်။ ကျွန်တော်လုပ်နိုင်တာ ဒီလောက်ပါပဲ။

ဖေ့စ်ဘွတ်ခ်မှာ အချစ်နဲ့ပတ်သက် တဲ့ခံစားချက်တွေရေးလေ့ရှိတယ်။ အသက်အရွယ်အပိုင်းအခြားအရ လည်း အိမ်ထောင်ပြုမယ့်အရွယ် ရောက်နေပြီဆိုတော့ အချစ်နဲ့ပတ် သက်ပြီး ပရိသတ်ကို ဘယ်လို အသိပေးချင်လဲ။

ဖေ့စ်ဘွတ်ခ်မှာ စတေးတပ် တွေရေးတာကတော့ ဝါသနာအရ ငယ်ငယ်ကတည်းက စာရေးပါ တယ်။ အခုကျတော့ ဖေ့စ်ဘွတ်ခ် ရှိတော့ ဖေ့စ်ဘွတ်ခ်မှာရေးတယ်။ တချို့ဟာတွေက ခံစားချက်တွေ လည်းပါတယ်။ တချို့ဟာတွေက စိတ်ကူးယဉ်ပြီးရေးတာတွေလည်း ပါတယ်။ စာရေးဝါသနာရှင်တစ် ယောက်အနေနဲ့ စိတ်ကွန့်မြူးပြီး ရေးတာပေါ့။ အချစ်ရေးလိုမျိုးပါ စင်နယ်ကိစ္စကိုပြောရရင်တော့ ကိုယ့်ကိုယ်ကိုယ်ပြန်စဉ်းစားကြည့်တယ်။ ရွယ်တူသူငယ်ချင်းတွေ ဆို ကိုယ့်ကိုအချိန်မပေးတော့ဘူး။ ကိုယ့်မိန်းမနဲ့ကိုယ်။ ငါ့သမီး ကျောင်းသွားကြိုရဦးမယ်။ မလာ ဘူးဆိုတော့ ကိုယ်ကနည်းနည်း တော့ ငေါင်တယ်။ အဲဒီတော့ ကျွန်တော်လည်း အများသူငါနည်း တူ မိသားစုဘဝတစ်ခုတည် ဆောက်ဖို့ ဆန္ဒရှိပါတယ်။ အခု လောလောဆယ်တော့ မဟုတ် သေးပါဘူး။

အနုပညာကိုပဲ ဦးစားပေးခဲ့တယ်။ အောင်မြင်မှုကိုလည်း ဆယ်စုနှစ် ကျော်ထိန်းထားနိုင်ခဲ့တာဆိုတော့ ဒီကာလအတွင်းမှာ စွန့်လွှတ်ခဲ့ရ တာတွေရှိလား။

စွန့်လွှတ်လိုက်ရတယ်မျိုး၊ အလဲအထပ်လုပ်ရတယ်မျိုး ကျွန်တော်မထင်ပါဘူး။ ငယ်စဉ် ကတည်းက ဂီတဝါသနာပါတယ်။ အဆိုတော်ဖြစ်ချင်တယ်။ အဲဒီ စိတ်တစ်ခုတည်းနဲ့ပဲ ဂီတလောက ထဲကိုရောက်လာပါတယ်။ ရုပ်ရှင် လောကကိုလည်း ခရီးသွားဟန်လွဲ အနေနဲ့ ရောက်သွားပြီး အခုရုပ်ရှင် ကိုလည်း တော်တော်လေးချစ် မြတ်နိုးပါတယ်။ အဲဒီတော့ ရုပ်ရှင် ထဲကလည်း ရုန်းမထွက်နိုင်ဘူး။ ဂီတထဲကလည်း ရုန်းမထွက်နိုင် ဘူး။ ဒါကိုပဲ စိတ်အပါဆုံးဖြစ် တယ်။ ဒါကိုပဲ အလုပ်ချင်ဆုံးဖြစ် တယ်။ ဒါကြောင့် ဒါကိုလုပ်နေရ တာဖြစ်တဲ့အတွက် တခြားအရာ တွေကို စွန့်လွှတ်ရပါတယ်လို့ သုံး နှုန်းစရာမလိုပါဘူး။

အခုနောက်ပိုင်းရိုက်တဲ့ ဇာတ်ကား တွေ ကမ်းလှမ်းရင် ဘယ်လိုဇာတ် ရုပ်မျိုးနဲ့ ကမ်းလှမ်းမှုလုပ်တာများလဲ။

ကျွန်တော့်ကိုတော့ အချစ်ဘဲ ကြီးပေါ့။ အရမ်းချစ်တတ်တယ် ပေါ့။ သူတို့ရိုက်ချင်တာက (သို့ မဟုတ်)လည်း အဆိုတော်ပေါ့။ လူငယ်ပေါ့။ ငကဲပေါ့။ တစ်ခါ တလေလည်း အရမ်းအေးချမ်း တယ်ပေါ့။ တချို့ကာရိုက်တာမျိုး တွေလည်း ကျွန်တော်ရိုက်ချင် သေးတယ်။ သိပ္ပံပညာရှင် (သို့ မဟုတ်) လူရမ်းကား အဲဒီလိုလည်း ရိုက်ချင်ပါသေးတယ်။

အရင်က ရိုက်မယ်ဆိုတဲ့ ‘ကျွန်မ၏ သစ်ပင်’ရုပ်ရှင်ကော ဘယ်အခြေ အနေရောက်သွားပြီလဲ။

အဓိကကရုပ်ရှင်က အကုန် ပေါင်းပြီး လုပ်ရတာ။ ကျွန်တော် အလွန်ဆုံးလုပ်နိုင်တာက နှစ်ခု၊ သရုပ်ဆောင်နေရာကနေ ဝင်ရိုက် လို့ရမယ် (သို့မဟုတ်) ထုတ်လုပ် သူနေရာကနေ ရိုက်လို့ရတယ်။ အဓိကရုပ်ရှင်ကို ဦးဆောင်ရမှာက ဒါရိုက်တာ။ ဒီဇာတ်ကို ဘယ်သူ ရိုက်ပေးမလဲဆိုတာက ကျွန်တော့် အတွက် ပြဿနာ။ ဒီဇာတ်ကို ကျွန်တော်ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တဲ့ဇာတ်တစ်ခုအနေနဲ့ အမြဲတမ်းရိုက်ချင်ပါတယ်။

ဒီရက်ပိုင်းမှာရိုက်မယ့် ရုပ်ရှင်တစ် ကားလည်း မင်းသမီးအပြောင်း အလဲရှိသွားတယ်ဆိုတော့ ဘယ် တော့လောက်ပြန်ရိုက်ဖြစ်မလဲ။

ကျွန်တော်တို့အမှန်တော့ ဒီ လအတွင်းမှာ ‘ချိုမြိန်သောလက် စားချေခြင်း’ဆိုတဲ့ ဆရာမ လွန်း ထားထားရဲ့ဝတ္ထုကိုရိုက်ဖို့ ရည် ရွယ်ထားတယ်။ ဦးမီးပွားနဲ့။ ဝတ် မှုံရွှေရည်ရယ်၊ ခင်ဝင့်ဝါရယ်၊ ကျွန်တော်ရယ်။ အဓိကအားဖြင့် ကျွန်တော်နဲ့ ဝတ်မှုံရွှေရည်ရဲ့ ဇာတ်ညွှန်းတွေမှာ မင်းသမီးဘက် က သရုပ်မဆောင်ချင်တဲ့ ဇာတ် ကွက်မျိုးတွေပါတယ်။ ပြီးတော့ ဇာတ်လမ်းအားဖြင့် ဒါရိုက်တာ ဘက်ကပဲဖြစ်ဖြစ်၊ ကျွန်တော့် ဘက်ကပဲဖြစ်ဖြစ် မပြင်ပေးနိုင် တာတွေလည်းပါတော့ ဒီဇာတ် ကားရိုက်ဖို့ကိုတော့ ဆိုင်းငံ့ထား တယ်။ ရိုက်ဖြစ်ချင်မှလည်း ရိုက် ဖြစ်မယ်ပေါ့။

အားပေးနေတဲ့ ပရိသတ်တွေအ တွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ကျွန်တော်ကတော့ ဆုံးဖြတ် ထားပါတယ်။ ဒီထက်ပိုပြီးကြည့် ကောင်းတဲ့ကားမျိုး ဒီထက်ပိုပြီး ကောင်းလာအောင် သရုပ်ဆောင် ရတဲ့နေရာမှာ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဟိုအရင် ပထမဆုံးစရိုက်တဲ့ကားကနေ ဒီ နေ့ဒီအချိန်ထိ ကျွန်တော့်ကို စိတ် မပျက်ဘဲ ကျွန်တော့်ရဲ့လိုအပ် ချက်တွေ၊ လစ်ဟာမှုတွေကိုဖြည့် ပြီး အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒီလောက် ထိနှစ်ပေါင်းများစွာစောင့်ပြီး အား ပေးပြီးတဲ့နောက်မှာ ကျွန်တော့်ကို စိတ်ပျက်မသွားပါနဲ့ဦး။ ကျွန်တော် ထပ်ရိုက်ပါဦးမယ်။ ထပ်ပြီးကြိုး စားပါဦးမယ်။ ဒီလိုအားပေးတဲ့အတွက် ထပ်ရိုက်ဖို့ ပိုပြီးမိုက်ရဲတာပေါ့ဗျာ။ ပိုပြီးစွန့်စားရဲတာပေါ့။

ကျေးဇူးတင်ပါတယ်။

Source: 7day daily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment