Captain America: Civil War ရဲ့ အဓိကဗီလိန်ကို Elizabeth Olsen ထုတ်ဖော်ပြောကြား


ပြင်သစ်သတင်းဝက်ဘ်ဆိုဒ် Premiere.fr ဟာ Captain America:Civil War မှာ Scarlet Witch အဖြစ် ပြန်လည်သရုပ်ဆောင်မယ့် Elizabeth Olsen နဲ့ တွေ့ ဆုံမေးမြန်းခဲ့ရာမှာ သူမက ယခု Civil War ဇာတ်ကားဟာ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်လိမ်မယ့်လို့ ကြိုတင်ပြောဆိုခဲ့ပါတယ်။
ထို့ နောက်မှာတော့ Captain America:Civil War ရဲ့ အဓိကဗီလိန်ဟာ Baron Zemo ဖြစ်ပြီး Daniel Bruhl က သရုပ်ဆောင်မှာဖြစ်တယ်လို့ ဖွင့်ဟပြောပြခဲ့ပါတယ်။ “ Bruhl ဟာ အရမ်းတော်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ဒီကားမှာ အဓိကဗီလိန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်” လို့ Olsen က ထုတ်ဖော်ပြောပြခဲ့ပါတယ်။ 
အဆိုပါဇာတ်ကားဟာ စူပါဟီးရိုးအမြောက်အများ ပါဝင်မှာဖြစ်တာကြောင့် Bruhl တစ်ယောက် ဘယ်နှစ်ခန်းလောက် ပါဝင်မလဲဆိုတာ သေချာမသိရသေးပေမယ့် အဓိကဗီလိန်ဖြစ်တာကြောင့် တခြား စူပါဟီးရိုးတွေထက် ဇာတ်ဝင်ခန်းများဖို့ ရှိပါတယ်။ ဒီ့အပြင် Bruhl ဟာ Frank Grillo သရုပ်ဆောင်မယ့် Crossbones ဇာတ်ကောင်ကို ဗီလိန်ဝါအရ ဦးဆောင်လှုပ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်နဲ့ စပိန်သရုပ်ဆောင် Daniel Bruhl ဟာ ‘Good Bye Lenin!’ ၊ ‘Inglorious Basterds’ စတဲ့ဇာတ်ကားတွေမှာ နာမည်ကျော်ခဲ့သူဖြစ်ပြီး Civil War ဇာတ်ကားမှာ Marvel Universe အတွင်း အခြေချပြီးဖြစ်တဲ့ Robert Downey,Jr. ၊ Scarlett Johansson ၊ Chris Evans ၊ Anthony Mackie တို့ အပါအ၀င် နာမည်ကြီး သရုပ်ဆောင်တစ်အုပ်ကြီးနဲ့  ပူးတွဲပါဝင်သရုပ် ဆောင်ရမှာ ဖြစ်ပါတယ်။
Ref: yahoo 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment