လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံနှစ်ဦး၏ DNA နှင့် လူသတ်လက်နက်ပေါ်မှ DNA ကိုက်ညီမှုမရှိကြောင်း ဒေါက်တာပွန်တစ် ထွက်ဆို


 ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုတွင် လူသတ်လက်နက်အဖြစ် သိမ်းဆည်းထားသော ပေါက်ပြားပေါ်မှ DNA သည် စွပ်စွဲခံ မြန်မာနှစ်ဦး၏ DNA နှင့် ကိုက်ညီမှုမရှိဟု နာမည်ကျော် ထိုင်းမှုခင်းဆရာဝန်မကြီး ဒေါက်တာပွန်တစ်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝေဖြိုးတို့ နှစ်ဦးသည် အဆိုပါ လူသတ်မှု၏တရားခံများအဖြစ် ရုံးတင်စစ်ဆေးခြင်း ခံနေရသည်။ အဆိုပါ တွေ့ရှိချက်သည် လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ရှေ့နောက်မညီသော ကမောက်ကမဆန်သည့် လုပ်ဆောင်ချက်ပေါင်းများစွာအနက် နောက်ဆုံးထွက်ပေါ်လာသော ကိစ္စတခု ဖြစ်သည်။ ထို့အပြင် ထိုင်ရဲတပ်ဖွဲ့သည် သက်သေခံပစ္စည်းနှင့် အထောက်အထားများ ရယူရာတွင် စနစ်ကျမှုမရှိခဲ့ဘဲ မျက်မြင်သက်သေများကို စစ်ဆေးရာတွင် ခြိမ်းခြောက်၍ ထွက်ဆိုစေခြင်းများရှိခဲ့သည်ဟု ဝေဖန်ပြစ်တင်ခြင်းလည်း ခံထားရသည်။ ၎င်းစွပ်စွဲချက်များကို ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။

ထိုင်းနိုင်ငံတရားရုံးများတွင် အသံဖမ်းခြင်း၊ ရုပ်သံရိုက်ကူးခြင်းနှင့် မှတ်စုမှတ်ခြင်းများ ပြုလုပ်ခွင့် မပြုချေ။ ဒေါက်တာပွန်တစ်၏ အဆိုပါ ထွက်ဆိုချက်ကို တရားခံရှေ့နေအဖွဲ့နှင့် အမှုစစ်ဆေးမှုကို စောင့်ကြည့်သူများထံမှ ဂါးဒီးယန်းက ရရှိခဲ့ခြင်း ဖြစ်သည်။


ဗြိတိန်နိုင်ငံသား ဟန်နာဝုသားရစ်ခ်ျ (၂၃ နှစ်) နှင့် ဒေးဗစ်မီလာ (၂၄ နှစ်)တို့ နှစ်ဦးသည် ထိုင်းနိုင်ငံလိပ်ကျွန်းပေါ်တွင် ၂၀၁၄ စက်တင်ဘာလက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာများဖြင့် သေဆုံးနေသော ၎င်းတို့၏ရုပ်အလောင်းများကို ဆိုင်ရီးကမ်းခြေတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာမှရရှိသော သုက်ရည်ကြောင့် လူသတ်မှုတွင် ဇော်လင်းနှင့် ဝေဖြိုးတို့နှစ်ဦး ပတ်သက်မှုရှိသည်ဟု ယူဆ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသော်လည်း ၎င်းကို နောက်တကြိမ် ထပ်မံစစ်ဆေးခွင့် မပြုကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ၊ ဆရာဝန်များနှင့် အခြား သက်သေးများသည် စက်တင်ဘာ ၂၅ တွင် တရားရုံတွင် ထွက်ဆိုမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သမားများ မှုခင်းဓါးစာခံအဖြစ် အသုံးချခံရမှုများ ရှိကြောင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အပါအ၀င် အခြား လူ့အခွင့်အရေးအဖွဲ့များစွာက ထောက်ပြပြောဆိုထားသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းခွဲခန့် နေထိုင်လျက်ရှိသည်။

လူသတ်လက်နက်ဖြစ်သော ပေါက်ပြားပေါ်မှ DNA သည် ယောက်ျားနှစ်ဦး၏ DNA ဖြစ်သော်လည်း ဇော်လင်းနှင့် ဝေဖြိုးတို့၏ DNA မဟုတ်ကြောင်း ဒေါက်တာပွန်တစ်က တရားရုံးတွင် ထွက်ဆိုသည်။ ဒေါက်တာ ပွန်တစ်ရိုဂျန်နာဆူနန်းသည် ထိုင်း မှုခင်းဆေးပညာသိပ္ဗံ၏ အကြီးအကဲဖြစ်ပြီး မှုခင်းဆေးပညာတွင်လည်း နာမည်ကျော် ဆရာဝန်မကြီးတဦး ဖြစ်သည်။ ဒေါက်တာပွန်တစ်သည် လူစိတ်ဝင်စားမှုများသော အမှုကြီးများကို ကိုင်တွယ်ရာမှ နာမည်ကျော်ကြား လူသိများလာပြီး ထိုင်းနိုင်ငံ မဒမ်တူးဆော့ ဖယောင်းရုပ်တုပြတိုက်တွင်ပင် သူမ၏ပုံတူရုပ်တုကို ထားရှိသည်။

Ref;The Guardian
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment