e- စီးကရက်ထပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ခန္ဓာကိုယ်တစ်ခုလုံး ဆိုးရွားတဲ့ အပူလောင်ဒဏ်ရာတွေရရှိကာ ကိုမာသွင်းကုသခဲ့ရ(ရုပ်/သံ)









ye wint



သောက်နေတဲ့ e-စီးကရက်ထပေါက်မှုကြောင့် အမျိုးသားတစ်ယောက်ဟာ မျက်နှာနဲ့ မျက်လုံးတွေမှာ အပူလောင်ဒဏ်ရာတွေရရှိကာ အာခေါင်မှာ အကြွေစေ့အရွယ် အပေါက်တစ်ခု ဖြစ်ပေါ်ပြီး ကိုမာဝင် မေ့မြောသွားခဲ့ပါတယ်။
James Lauria ဆိုသူ အမျိုးသားဟာ အလုပ်ခဏနားတုန်းမှာ e-စီးကရက်သောက်နေရင်းနဲ့ စီးကရက်က ထပေါက်ကွဲခဲ့တာကြောင့် ရင်ဘတ်၊လက်နဲ့ မျက်နှာတို့ မှာ ဆိုးရွားတဲ့ အပူလောင်ဒဏ်ရာတွေရရှိပြီး၊ လည်ပင်းရိုးနဲ့  လက်ချောင်းရိုးတွေလည်း ကျိုးခဲ့သလို သွားဖုံးအတွင်း သွားတစ်ချောင်း စိုက်ဝင်သွားခဲ့ကာ အောက်သွားအစုံလိုက် ပျက်စီးခဲ့ရပါတယ်။ James ဟာ သွေးထွက်လွန်နေတာကြောင့် ကိုမာသွင်း ကုသခဲ့ရပြီး ယခုအခါ အသက်အန္တရာယ်မရှိတော့ဘူးလို့ သိရပါတယ်။
“ အလုပ်ပါးတုန်း ခါတိုင်းလိုပဲ ကျွန်တော်ခဏနားဖို့ ထွက်လာခဲ့ပါတယ်။ နောက်တစ်ခု ကျွန်တော်မှတ်မိတာကတော့ e-စီးကရက်က ထပေါက်တာနဲ့ ဆေးရုံကိုသွားနေတဲ့ လူနာတင်ကားထဲ ကျွန်တော်ရောက်နေတာကိုပဲ နောက်ဆုံး မှတ်မိပါတော့တယ်” လို့ James က ပြန်ပြောပြပါတယ်။ “ ကျွန်တော်အသက်ရှင်ရတာကိုပဲကျေနပ်မိပါတယ်။ ကျွန်တော်ကံတော်တော်ကောင်းတာပါ။"
မတော်တဆမှုဖြစ်ပြီးနောက် ခြောက်ပတ်ကြာ ကုသမှုခံယူပြီးသည့်တိုင် James Lauria ဟာ ယခုအချိန်ထိ အဖတ်မစားနိုင်သေးဘဲ အာဟာရအရည်ကိုသာ မှီဝဲနေရကာ အသံ မပီကလာသာ ပြောနိုင်ပါတော့တယ်။ယခုလို e-စီးကရက် ထပေါက်ကွဲမှုကို South Walton မီးသတ် ကယ်ဆယ်ရေးဌာနက စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
Ref: Mirror  
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment