Facebook မှတစ်ဆင့် လက်နက် ရောင်းချသူ များကို ထိုင်းရဲတပ် ဖွဲဖမ်းဆီး


ဗန်ကောက် စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံတွင် Facebook  ပေါ်မှ တစ်ဆင့် လက်နက် ရောင်းချသူ သုံးဦးကို လက်နက် မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ ကျည်ကာ အင်္ကျီ တစ်ထည်တို့ နှင့်အတူ ပသွန်သာနီ ပြည်နယ်၌ စက်တင်ဘာ ၂၂ ရက်တွင်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

 ထိုင်းအထူး ရဲတပ်ဖွဲ့ ဝင်များသည် သန်ယာဘူရီနှင့် ခလောင် လွမ်ခရိုင် တို့ရှိ အိမ်သုံးလုံး ကို ဝင်ရောက် စီးနင်း ရှာဖွေမှုများ လုပ်ဆောင် ခဲ့ရာ အဆိုပါ တရားခံ သုံးဦးကို ဖမ်းဆီးပြီး M3 သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၁၁ မီလီ မီတာ ပစ္စတို သုံးလက်၊ ဒသမ ၂၂ဘောပင် သေနတ် တစ်လက် နှင့် ၅ ဒသမ၅၆ ကျည်ဆံ ၄၄၉ တောင့် တို့အပြင် အခြားဆက်စပ် ပစ္စည်းများ ကို သိမ်းဆည်း နိုင်ခဲ့သည်။

အဆိုပါ တရားခံ သုံးဦးသည် Facebook မှတစ်ဆင့် တရားမဝင် လက်နက်ခဲယမ်း များရောင်းချ နေသည် ဟူသော သတင်းကို ရဲတပ်ဖွဲ့ကရရှိပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ ခြင်း ဖြစ်ကြောင်း မှုခင်း နှိမ်နင်းရေး ဌာနအကြီးအကဲ ရဲချုပ်အက္ကာရာ ဒက်ပီမိုလ်ဆရီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ၄င်းတရားခံ များကို စစ်ဆေး မေးမြန်းကာ လက်နက် ရောင်းဝယ်မှုတွင် ထပ်မံ ပါဝင်နိုင်ဖွယ် ရှိသူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားထားသည်ဟု သိရသည်။

Pyi Chit thar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment