Myanmar Idol အစီ အစဉ်တွင် ဒိုင်အဖြစ်တာဝန်ယူ ထားသဖြင့် ယခုနှစ်အတွင်း၌ ဖျော်ဖြေပွဲကြီးများ စီစဉ်ဖြစ်မည်မ ဟုတ်ကြောင်း မေဆွိကပြော သည်။
ယင်းပြိုင်ပွဲအတွက် နယ်မြို့ များတွင် ကိုယ်တိုင်လိုက်ပါရွေး ချယ်ရမည်ဖြစ်၍ ကိုယ်တိုင်ပွဲမစီ စဉ်ဖြစ်သော်လည်း ရေဘေးအ လှူပွဲကဲ့သို့ ဖျော်ဖြေပွဲများတွင် ပါ ၀င်သီဆိုဖြစ်မည်ဟု ၎င်းကဆို သည်။
သို့သော်လည်း ပြည်ပဖျော် ဖြေရေးခရီးစဉ်အဖြစ် အောက်တို ဘာတွင် တိုင်ပေသို့ ဖျော်ဖြေရေး သွားရောက်ရန်အစီအစဉ်ရှိသကဲ့ သို့ နိုဝင်ဘာ၌လည်း ဂျပန်နိုင်ငံသို့ ဖျော်ဖြေရေးခရီးသွားရောက်ရန် အစီအစဉ်ရှိသည်ဟု မေဆွိက ပြောသည်။
‘‘ဒါက American Idol က နေ သူတို့ရဲ့စနစ်အတိုင်း ချပြ ထားတယ်။ အဲဒီစနစ်နဲ့ ကလေး တွေကို မြန်မာပြည်နဲ့ အကိုက်ညီ ဆုံးဖြစ်အောင် ရွေးချယ်ပေးရ မယ်။ စံတစ်ခုနဲ့ ရွေးချယ်ပေးရ မယ်’’ဟု မေဆွိကပြောသည်။
ယင်းပြိုင်ပွဲတွင် ပါဝင်သီဆို သူများသည် အခြေခံအားဖြင့် စာ သားပီသရန်၊ Expression ပိုင် ပိုင်နိုင်နိုင်ဖြင့် သီဆိုရန်၊ အသံလုံး ကောင်းရန်လိုအပ်ကြောင်း ၎င်း ကအကြံပြုသည်။
‘‘တာဝန်တော့ကြီးတယ်။ ဒါပေမဲ့ ဘက်မလိုက်ဘူး။ တစ် ယောက်က ကြိုက်ပြီး နှစ်ယောက် မကြိုက်ဘူးဆိုရင်လည်း ဘာ ကြောင့်မကြိုက်တာလဲဆိုတာကို ဒိုင်လူကြီးတွေအနေနဲ့ တိုင်ပင်ရ မှာတွေတော့ရှိတယ်။ အတတ်နိုင် ဆုံ၊ အကောင်းဆုံးဖြစ်အောင် အ ရည်အချင်းရှိတဲ့သူတစ်ယောက် ကို ထုတ်ဖော်နိုင်အောင် ကြိုးစား သွားမှာပါ’’ဟု မေဆွိကပြော သည်။
Myanmar Idol ပြိုင်ပွဲကို American Idol ပြိုင်ပွဲ၏ တရား ၀င်ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ်ကျင်းပခြင်း ဖြစ်ပြီး ဒိုင်များအဖြစ် မေဆွိ၊ ရဲလေးနှင့် ချမ်းချမ်းတို့က ဆောင် ရွက်မည်ဖြစ်သည်။
Source: 7day daily
0 comments:
Post a Comment