မကြာသေးခင်လပိုင်းအတွင်းက ရေဘေးဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသည့် ကလေးမြို့ ဒေသအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည့် ကလေးမြိုနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် (၁)နေရာ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသမီး လူငယ်တစ်ဦးဖြစ်သည့် ဒေါ်သန့်ဝေကျော်(ခ) ချမ်းမြေ့အား ဆက်သွယ်မေးမြန်းထားချက်
အမည် -ဒေါ်သန့်ဝေကျော် (ခ)ချမ်းမြေ့
အသက် ၂၉နှစ်
ပညာအရည်အချင်း -B.Sc(Phys:)
မိဘ -ဦးသန်း+ဒေါ်တင်ဝင်း
လူမျိုး/ဘာသာ -ဗမာ/ဗုဒ္ဒဘာသာ
အလုပ်အကိုင် -`လူ့အခွင့်အရေးနှင်ဒီမိုကရေစီ´သင်တန်းနည်းပြ
မွေးဖွားရာဇာတိ -ဘုတလင်မြို့
ပါတီလက်ရှိတာဝန် -မြို့နယ်လူငယ်တာဝန်ခံ
လုပ်ဆောင်ချက်များ - British Council မှပြုလုပ်သည့် ဖွံဖြိုးရေးသင်တန်း၊ဒါန-ရှေ့ဆောင်(မြန်မာ)မှပြုလုပ်သည့်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြင့်တင်ရေးသင်တန်းများတက်ရောက်သင်ကြားပြီးနောက် လက်ရှိတွင် ``လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ´´သင်တန်းနည်းပြအဖြစ်လုပ်ဆောင်လျက်ရှိသည်။
-၂၀၁၁မှ၂၀၁၄အတွင်း ကလေးနယ်တ၀ိုက်လူ့အခွင့်အရေးနှင့်ဒီမိုကရေစီသင်တန်းများ၊ အမျိုးသမီးအခွင့်အရေးသင်တန်းများ အရပ်ဖက်အဖွဲ့အစည်း ဖွံဖြိုးရေးသင်တန်းများပို့ချခဲ့သည်။
-၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း မင်းကင်းမဲဆန္ဒနယ်တွင် ပဏ္ဍိတဖွံဖြိုးရေးအင်စတီကျူမှ ပြုလုပ်သည့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးတွင် စစ်တမ်းကောက်ယူသူအဖြစ်သွားရောက်ခဲ့သည်။
-၂၀၁၃ခုနှစ်မတ်လတွင်ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံလူငယ်များတွေ့ဆုံပွဲ(AYF 2013)တွင် မြန်မာနိုင်ငံကိုယ်စားပြုလူငယ် ၅ဦးသွားရောက်ရာတွင် ပါဝင်ခဲ့သည်။
-၂၀၁၅ခုနှစ်တွင် တာဝန်ခံ(၂)မှ မြို့နယ်လူငယ်တာဝန်ခံအဖြစ်ရွေးချယ်ခံရပြီး ယခုအချိန်အထိပါတီတာဝန်များထမ်းဆောင်လျက်ရှိပြီး ကလေးမြို့ရေဘေးကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် ကူညီပါဝင်ဆောင်ရွက်လျက်ရှိသည်။
-အစ်မအနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ဘယ်လိုပါဝင်ဖြစ်သွားတာပါလဲခင်များ။
- တကယ်က ၂၀၂၀လောက်မှ ဝင်ပြိုင်ဖို့ပဲ၊ ပါတီထဲကလူကြီးတွေကလဲ လျှောက်စေချင်ကြတယ် တိုက်တွန်းကြတယ်၊ ဖြေးဖြေးချင်းသေချာစဉ်းစားခဲ့ပါတယ်၊နိုင်ငံရေးသမားတွေသွားရမယ့်လမ်းပဲလို့ ဆုံးဖြတ်မိလို့၊ဒီလမ်းကိုဆက်လျှောက်နိုင်ဖို့ေ ရွးကောက်ပွဲဝင်ဖြစ်ပါတယ်၊
-ပြည်သူအတွက်ဘယ်လိုလုပ်ပေးဖို့ရည်ရွယ်ထားသလဲခင်များ။
-ပြည်သူအတွက်ဘာတွေလုပ်ပေးမယ်ဆိုတာက ကျွန်မတစ်ဦးတည်းကနေ ကတိပေးဖို့မရှိပါဘူး။ ပါတီရဲ့ရွေးကောက်ပွဲမူဝါဒအတိုင်း ကျွန်မတို့ လုပ်ဆောင်သွားမှာဖြစ်တယ်။
-အရွေးခံရရင်မဲဆန္ဒနယ်မြေအတွက်ဘာတွေလုပ်ပေးသွားဖို့ရှိလည်းခင်များ။
-အရွေးခံရရင်ဘာတွေလုပ်ပေးမယ်လို့ ကတိပြုတာမျိုးက မဲလိုချင်လို့ ပြောတာမျိုးဖြစ်နိုင်တာမို့ မပြောဘူး။ အဲ့လိုပြောလာတဲ့သူဆိုလဲ မယုံကြည်ကြစေချင်ဘူး။ကျွန်မတို့ ပါတီရဲ့ ရွေးကောက်ပွဲ မူဝါဒတွေအတိုင်း ဆောင်ရွက်ရမှာပါ။ဒါပေမယ့် ဒေသလိုအပ်ချက်တွေကိုတော့ လေ့လာမှတ်သားထားတာအများကြီးရှိပါတယ်။
-အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နဲ့ဘယ်အချိန်ကတည်းက စတင်လက်တွဲလုပ်ဆောင်ခဲ့ခင်များ။
-ပါတီနဲ့ကတော့ ကျွန်မဖခင်က ၁၉၉၀ကတည်းက ဘုတလင်မြို့နယ်ကအတွင်းရေးမှူးဆိုတော့ ပါတီနဲ့ကမစိမ်းဘူး၊ ကျွန်မတတ်နျုင်တာကူညီရင်း ပါတီအလုပ်တွေလုပ်ဖြစ်ခဲ့တယ်၊တရားဝင် ပါတီဝင်ဖြစ်လာတာကတော့ ၂၀၁၃ရပ်ကျေးညီလာခံကနေပေါ့၊ရပ်ကျေးအလုပ်မှုဆောင်ဖြစ်လာတယ်၊နောက် ၂၀၁၄မတ်လ ၃၁၊လူငယ်ညီလာခံကနေ လူငယ်တွဲတာဝန်ခံ၊ နောက် ၂၀၁၅ မြို့နယ်လူငယ်တာဝန်ခံအဖြစ်နဲ့ တာဝန်ယူခဲ့ပါတယ်။အခုရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့အထိပေါ့။
-ဟုတ်ကဲ့ကလေးမြို့ဆိုတာ မကြာသေးခင်က ရေဘေးဒဏ်သင့်ခဲ့တော့ အဲ့အတွက် ဘယ်လို အခက်အခဲတွေ ရှိလဲခင်များ။
- ကလေးမှာက ရေဘေးသင့်ထားတဲ့ဒေသတွေက အလွန်အခြေအနေဆိုးပါတယ်။ ကိုယ့်အိမ်ကိုယ်ပြန် မနေနိုင်သေးတဲ့မိသားစုတွေ၊ရွာပြောင်းရမယ့်အခြေအနေတွေ၊တနေ့စားဖို့ လတ်တလော အလှူရှင်တွေကြောင့် သာအဆင်ပြေနေကြရတာ၊ လုပ်ငန်းခွင်ပြန်မဝင်နိုင်ကြသေးဘူးလေရွေးကေက်ပွဲကျင်းပဖို့အဆင်ပြေနိုင်တဲ့ ရပ်ကွက်ရှိသလို အဆင်မပြေနိုင်တဲ့ကျေးရွာတွေလဲ ရှိနေတယ်၊ အဓိကက ရွေးကောက်ပွဲ လုပ်ခဲ့ရင်တောင် ရေဘေးဒုက္ခကြုံနေကြရတဲ့ပြည်သူကို မဲဆွယ်စည်းရုံးဖို့ စကားပြောမထွက်နိုင်သလို ပြည်သူကလဲမဲရုံကို တနေ့ထမင်းတနပ်စာစားဖို့လောက် အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ဒါပေမယ့် ရေလွှမ်းတော့လွှမ်းတယ် အခြေအနေမဆိုးဘူး။အိမ်ပြန်နေလို့ရတယ်ဆိုတဲ့နေရာကပြည်သူတွေကတော့ မဲပေးဖို့စိတ်အား ထက်သန်နေကြတယ်၊သူတို့စိုးရိမ်တာက မဲဘယ်လိုပေးရမယ်ဆိုတာကိုမသိကြတော့ ပယ်မဲဖြစ်မှာ စိုးရိမ်နေကြတယ်။ ဒီလိုမျိုးအခက်အခဲတွေအများကြီးကြုံနေရတယ်။ဒီအတွက်လည်း အသိပညာပေးတာပါလုပ်ပေးတာပါရှိတယ်။
-ဒီအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့မဲဆွယ်တာနဲ့ မဲဆွယ်ဖို့အပြင်ဘာတွေ ကိုပူးတွဲလုပ်ဆောင်ပေးနေရသလဲခင်များ
- ရေဘေးဒေသတွေကိုကျွန်မတို့ ဟောပြော ပွဲတွေမလုပ်ဘူး၊ အားပေးရင်းတစ်အိမ်တက် တစ်အိမ်ဆင်း ပဲသွားကြပါတယ်၊ ရေဘေးအတွက်ကတော့ ကိုယ်စားလှယ်လောင်းဖြစ်မလာခင်ကတည်း ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာနဲ့၊ကူညီနိုင်တာဟူသမျှ အစွမ်းကုန်ကူညီခဲ့ပါတယ်။
- အမျိုးသမီးတစ်ဦးအနေနဲ့ ဒီလိုရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်တဲ့အပေါ်မှာပေါ့ အစ်မအနေနဲ့ ဘာများပြောဖို့ရှိလည်းမသိဘူးခင်များ။
- အမျိုးသမီးတစိဦးအနေနဲ့ရေယလူငယ်အနေနဲ့ရော ကျွမ်မဝမ်းသာပါတယ်၊ဘာလို့လဲဆိုတော့ လူငယ်တွေ တကယ်ကြိုးစားရင်တကယ်ဖြစ်နိုင်တယ်လို့ ကျွန်မတို့မောင်ငယ်ညီမငယ်တွေရဲ့ မျှော်လင့်ချက်ရောင်ခြည်သန်း လာကြတော့မယ်လေ။ဒါပေမယ့် ကျွန်မက ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးမို့ဆိုပြီးတော့ ထူးခြားခံစားမှုတော့ ဖြစ်လေ့မရှိဘူးရှင့်။
-ဟုတ်ကဲ့အခုလိုဖြေပေးအတွက်ကျးဇူးတင်ပါတယ်။
-ကျွန်မကလည်း ကျေးဇူးတင်ပါတယ်။
မေးမြန်းသူ- စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
0 comments:
Post a Comment