Resident Evil ရိုက်ကွင်းမတော်တဆမှုကြောင့် ကိုမာဝင်မေ့မျောလျက်ရှိနေတဲ့ နာမည်ကြီး စတန့် မင်းသမီး Olivia Jackson


Star Wars: The Force Awakens ၊ Mad Max: Fury Road နဲ့ Guardians Of The Galaxy တို့ မှာ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး အစားထိုးစတန့် မင်းသမီး Olivia Jackson ဟာ စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ကား Resident Evil: The Final Chapter ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ဒဏ်ရာရရှိခဲ့ပြီး ကိုမာဝင် မေ့မျောလျက် ရှိပါတယ်။
အသက် ၃၂ နှစ်အရွယ် ၊ တောင်အာဖရိက မော်ဒယ်ဟောင်း Olivia Jackson ဟာ မော်တော်ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းမောင်းနှင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ သတ္တုကင်မရာလက်တံကို ၀င်တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။Jackson ဟာ အကာအကွယ်ပစ္စည်းတွေကို ၀တ်ဆင်ထားခဲ့ခြင်းမရှိဘဲ၊ ဦးခေါင်းဒဏ်ရာရရှိကာ အဆုတ်မှာ အပေါက်ဖြစ်ခဲ့ပြီး ဆရာဝန်တွေဟာ အသက်အန္တရာယ် မစိုးရိမ်ရအောင်လို့ ဆေးထိုးပြီး ကိုမာသွင်းခဲ့ရတယ်လို့ The Sun သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။
Resident Evil မင်းသမီး Milla Jovovich က စက်တင်ဘာ ၅ ရက်နေ့ တုန်းက Instagram မှာ ပုံတစ်ပုံ တင်ခဲ့ပြီး သူတို့ ရိုက်ကူးရေးအဖွဲ့ ဟာ တောင်အာဖရိကနိုင်ငံ၊ Johannesburg မြို့ ရိုက်ကွင်းမှာ ကင်မရာစတန့် တစ်ခုကို အစမ်းလေ့ကျင့်နေကြ တာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
Milla ရဲ့ ခင်ပွန်းဖြစ်သူ၊ ယခုဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ Paul W.S.Anderson နဲ့ Jovovich တို့ ဟာ ယခုမတော်တဆမှုအကြောင်း လူသိထင်ရှား ထုတ်ဖော်မပြောရသေးဘဲ၊ အဆိုပါအဖြစ်အပျက်ကို စုံစမ်း စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
Ref: metro
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment