ဖေ့စ်ဘွတ် (Facebook) နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်တစ်ချို့


သင်ကဖေ့ဘွတ်ကိုနေတိုင်းသုံးသူလား။ ဒီ အချက်တွေကတော့ ဖေ့ဘွတ်နဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အချက်အချို့တွေပဲဖြစ်ပါတယ်။
၁။ ဖေ့ဘွတ်က အပြာရောင်ဖြစ်နေတာ ဘာလို့လဲဆိုတော့ ဖေ့ဘွတ်တီထွင်သူ မာ့ဇ်ဇူဘတ်က ကာလာ ဘလိုင်း( အရောင်မှန်ကန်စွာ မခွဲနိုင်သူ)တစ်ယောက်ဖြစ်နေလို့ပါ။
၂။ သင်ဖေ့ဘွတ်မှာ log in လုပ်ပြီး ၀င်လိုက်တာနဲ့တပြိုင်နက် အင်တာနက်မှာ သင်ရှာကြည့်သမျှ၊ လုပ်သမျှ အားလုံးနီးပါးကို ဖေ့ဘွတ်က ခြေရာခံ မှတ်သားထားပါတယ်။
၃။ နေ့စဉ် ဖေ့ဘွတ် အကောင့်တွေကို ဟက်လုပ်ဖို့ ကြိုးပမ်းသူတွေဟာ ၆၀၀ ၀၀၀အထက်မှာ ရှိပါတယ်။
၎။ လေ့လာမှုတစ်ခုအရ လူ သုံးယောက်မှာ တစ်ယောက်ဟာ ဖေ့ဘွတ်သုံးပြီးတဲ့အခါ သူတို့ရဲ့ နေထိုင်မှု ဘ၀အပေါ် စိတ်မကျေမနပ်မှု ပိုပြီး ခံစားရကြောင်းတွေ့ရပါတယ်။
၅။ အမေရိကန်နိုင်ငံမှာ ၂၀၁၁ခုနှစ် လင်မယားကွာရှင်းမှု မှတ်တမ်းအကြောင်းရင်းများရဲ့ သုံးပုံ ပုံ တစ်ပုံဟာ ဖေ့ဘွတ်သုံးခြင်းနဲ့ ဆက်နွယ်နေပါတယ်။
၆။ ဖေ့ဘွတ်ကုမ္ဗဏီဟာ အမေရိကန်နိုင်ငံမှ ဖေ့ဘွတ်သုံးစွဲသူတိုင်းစီမှ ပျမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ ၅. ၈၅ ရရှိနေပါတယ်။
၇။ အခုနှိပ်နေကြတဲ့ Likeကို မူလအစတုန်းက Awesome လို့ သုံးဖို့ စဉ်းစားခဲ့ဖူးပါတယ်။ 
၈။ တစ်စက္ကန့်တိုင်းမှာ Likes သူပေါင်းဟာ ၁.၈ မီလီလျံ အထက်မှာ ရှိပါတယ်။
၉။ မိမိသေဆုံးသွားတဲ့အခါ မိမိရဲ့ ဖေ့ဘွတ်ကို လွှဲပြောင်းသုံးစွဲစီမံသူထားဖို့လုပ်နိုင်ပါတယ်။  (နိုင်ငံတိုင်းမှာတော့ မသုံးနိုင်သေးပါဘူး)
Ref:unbelievable-facts.com
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment