Selfie ဓာတ်ပုံကို စကင်ဖတ်ပြီး သင့်စိတ်ခံစားချက်နဲ့ လိုက်တဲ့ သီချင်းမျိုး ရွေးဖွင့်ပေးနိုင်မယ့် Spotify ရဲ့ HTC Mood Player


ဝမ်းနည်းနေတဲ့အချိန်၊ ကျနေတဲ့ စိတ်ဓာတ်တွေပြန်တင်ဖို့ လိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့ အားလုံးဟာ ဂီတကို နားထောင်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ခံစားချက်နဲ့ ကိုက်မယ့် သီချင်းမျိုးကို ရွေးနေရတာကလည်း အလုပ်တစ်ခုပါ။ဒီပြဿနာကို Spotify က ဖြေရှင်းလိုက်ပါပြီ။
Spotify က ဖန်တီးလိုက်တဲ့ online tool ဟာ မျက်နှာပုံရိပ်ဖတ်ခြင်းနည်းပညာနဲ့ Selfie တွေကို စကင်ဖတ်ပြီး သင့်ရဲ့စိတ်ခံစားချက်ဘယ်လို အခြေအနေ မျိုးလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။HTC နဲ့ Spotify တို့ ပူးပေါင်းဖန်တီးထားတဲ့ HTC Mood Player ဟာ သင့်စိတ်ခံစားချက်နဲ့ ကိုက်ညီမယ့် သီချင်းစာရင်းကို ဖန်တီးပေးမှာဖြစ်ပြီး ဒီ playlist ကို သင့်အကောင့်ထဲ သိမ်းထားနိုင်သလို မိတ်ဆွေသူငယ်ချင်းတွေနဲ့ လည်း မျှဝေလို့ ရပါတယ်။
မျက်နှာပုံရိပ်ဖတ်နည်းပညာနဲ့ သင့်ရဲ့စိတ်ခံစားချက်ကို ဆုံးဖြတ်ပေးမှာဖြစ်ကာ သီချင်းအပုဒ်ရေ သန်းပေါင်းများစွာရှိတဲ့ Spotify library ထဲကနေ သင်နဲ့ ကိုက်ညီမယ့်သီချင်းစာရင်းကို ရွေးဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ့အပြင် စိတ်ခံစားမှု ပုံစံကိုလည်း ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်ပြီး Spotify က ရွေးချယ်ပေးမယ့် သီချင်းတွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။ ဒီ HTC Mood Player ကို HTC က ဖြန့် ချိခဲ့တဲ့ HTC Desire 626 မိုဘိုင်းဖုန်းမှာ တစ်ပါတည်း ထည့်သွင်းပေးထားခဲ့ပါတယ်။
Ref: Dailymail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment