ရေပေါ် ပေါလောပေါ်နိုင်တဲ့ စမတ်ဖုန်း Buoyant Comet





ဖုန်းဘိုထိုင် အိမ်သာခွက်ထဲပြုတ်ကျမှု၊ ရေကူးကန်ထဲပြုတ်ကျမှုတို့ ကြောင့် တစ်နှစ်ကို စမတ်ဖုန်း အလုံးရေပေါင်း ၈၂ သန်းလောက် ကမ္ဘာတစ်လွှားမှာ ပျက်စီးဆုံးရှုံးလျက်ရှိတယ်လို့  သိရပါတယ်။ရေစိုခံဖုန်းတွေ အများအပြား ပေါ်ထွက်ပြီးဖြစ်ခဲ့ပေမယ့်လည်း၊ ဒီ Comet စမတ်ဖုန်းကတော့ ရေစိုခံနိုင်မယ့်အပြင် ရေပေါ်မှာပါ ပေါလောပေါ်နေနိုင်မှာဖြစ်ပါတယ်။
Comet ဖုန်းကို ကယ်လီဖိုးနီးယားအခြေစိုက် Prashanth Raj Urs ဆိုသူ ဒီဇိုင်နာက ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး ၄.၇ လက်မစကရင် ပါရှိကာ၊ ကင်မရာက 16 MP ဖြစ်ပါတယ်။ Android စနစ်ကို အသုံးပြုထားကာ Samsaung Galaxy S6 Edge မှာလိုမျိုးပဲ LED အချက်ပေးမီးလုံးတွေ ပါဝင်ပါတယ်။ RAM 4GB ၊ Qualcomm Snapdragon 810 ၊ 2 GHZ octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး 2800 mAh ဘက်ထရီပါဝင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ကိုတိုင်းတာနိုင်တြံ ဘိုင်အိုမက်ထရစ် အာရုံခံကိရိယာတွေပါဝင်တာကြောင့် ဖုန်းသုံးစွဲသူရဲ့ စိတ်အခြေအနေကို ခန့် မှန်းသိရှိနိုင်ပြီး LED မီးသီးတွေက တဆင့် သုံးစွဲသူရဲ့ စိတ်အခြေအနေကို ခွဲခြားဖော်ပြပေးနိုင်မှာလည်း ဖြစ်ပါတယ်။
ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Indiegogo မှာ ဒီဖုန်းကို ဈေးကွက်ဝင်ထုတ်ဖို့ အတွက် ရန်ပုံငွေရှာတဲ့အစီအစဉ်တစ်ခု လွှင့်တင်ထားလျက်ရှိပြီး ဖုန်းကို ရေပေါ် ပေါ်အောင်ဘယ်လိုလုပ်ထားသလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
Comet ဖုန်းအချင်းချင်း မက်ဆေ့ပေးပို့ ၊ဖုန်းခေါ်ဆိုရာမှာလည်း လုံခြုံကာကွယ်မှုပေးထားတာကြောင့် ကြားဖြတ်နားထောင်၊စောင့်ကြည့်ဖို့ အတွက် ခဲယဉ်းမှာဖြစ်ပါတယ်။ 32 GB ဟန်းဆက်အတွက် ကနဦးဈေး ဒေါ်လာ ၂၇၉ နဲ့ စတင်ရောင်းချမှာဖြစ်ပြီး ဧပြီလအတွင်းမှာ ဒီအစီအစဉ်ကို ကျောထောက်နောက်ခံပြုသူတွေဆီ အရင်တင်ပို့ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အနက်ရောင်၊ အဖြူရောင်နဲ့ ရွှေရောင်ဆိုပြီး သုံးရောင်ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။
Ref: Dailymail 
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment