ဒေါ်လာ ၁၃၃၀၀၀ နဲ့ ရောင်းချမယ့် Sharp ရဲ့ ကမ္ဘာ့ပထမဆုံး 8K resolution TV




သင့်အိမ်မှာရှိတဲ့ ဖန်သားပြင်အပြားနဲ့ HDTV တွေက အိုဟောင်းသွားပါပြီ။ ထိပ်ဆုံးမှာရောက်နေတဲ့ ခေတ်အမီဆုံး 4K Ultra HD တီဗွီတွေကိုတောင် နောက်ကောက်ကျစေမယ့် နည်းပညာသစ်တစ်ရပ်ကို Sharp က တီထွင်လိုက်ပါတယ်။

ဂျပန်အီလက်ထရောနစ်ကုမ္ပဏီ Sharp ဟာ ကမ္ဘာ့ပထမဦးဆုံး Super Hi-Vision 8K တီဗီဖန်သားပြင် တွေကို အောက်တိုဘာလ ၃၀ ရက်နေ့ မှာ စတင်ရောင်းချဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

၈၅ လက်မရှိတဲ့ ဧရာမ LCD ဖန်သားပြင်တွေဟာ ဂျပန်ယန်းပေါင်း ၁၆၀၀၀၀၀၀ ကျသင့်မှာဖြစ်ပြီး ဒေါ်လာနဲ့ ဆို ၁၃၃၀၀၀ ရှိပါတယ်။ သာမန် 1080 pixel HD ဖန်သားပြင်တွေထက် ဗီဒီယိုရုပ်ထွက် ပြတ်သားမှု ၁၆ ဆ ပိုမြင့်တဲ့ Sharp ရဲ့ 8K ဖန်သားပြင်တွေကို ပထမဦးဆုံးအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက်သာ ဈေးကွက်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အကြောင်းကတော့ လက်ရှိ ထုတ်လွှင့်၊ streaming ပြသနေတဲ့ ဗီဒီယိုတွေဟာ 8K resolution မရှိသေးတာကြောင့် ဖြစ်ပါတယ်။

Sharp ဟာ ၂၀၁၂ ခုနှစ် ဘာလင်နည်းပညာပြပွဲနဲ့ လတ်စ်ဗေးဂတ်စ်ပြပွဲတို့ မှာ ၎င်းတို့ ရဲ့ ခေတ်ရှေ့ ပြေး 8K တီဗီနမူနာပုံစံကို စတင်ပြသကာ တီဗီကြည့်ပရိတ်သတ်တွေကို 8K resolution မျှော်လင့်ချက်တွေ ပေးလာခဲ့တာဖြစ်ပါတယ်။

ယခုလက်ရှိမှာ 8K resolution နဲ့ ကြည့်နိုင်မယ့် ဗီဒီယိုတွေကောင်းကောင်းမရှိသေးတာမို့ ၂၀၂၀ ခုနှစ်လောက်ရောက်မှာ 8K TV တွေ တွင်ကျယ်လာနိုင်မှာဖြစ်တယ်လို့ နည်းပညာဝက်ဘ်ဆိုဒ်တွေက ခန့် မှန်းထားကြပါတယ်။

( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: cbsnews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment