လွန်ခဲ့တဲ့ ၆ လတုန်းကပဲ ဆိုင်ကလုန်း ဝင်ရောက်ခဲ့တဲ့ နေရာမှာ ရေရှားမှု ဖြစ်နေပါတယ်။ (Credit: Reuters) |
Vanuatu နိုင်ငံမှာတော့ အသက် ၂ နှစ်အရွယ် ကလေးမ တစ်ဦး သေဆုံးရပြီး ဒါဟာ ရေရှားပါးမှုနဲ့ ဆက်စပ်ပြီး ပထမဦးဆုံး သေဆုံးမှု ဖြစ်ပါတယ်။
ပါပူဝါ နယူးဂနီနိုင်ငံမှာတော့ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
Vanuatu နိုင်ငံမှာ လွန်ခဲ့တဲ့ ၆ လတုန်းကပဲ Pam ဆိုင်ကလုန်း ဝင်ရောက်ခဲ့လို့ ဒုက္ခရောက်နေတုန်းမှာပဲ ရေရှားပါးမှု ထပ်မံ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။
ရေတွေမရှိလို့ အပင်တွေ သေကုန်သလို သောက်သုံးစရာလည်း မရှိ ဖြစ်နေရပါတယ်။
သွားလာရ လွယ်ကူတဲ့ ဒေသမှာ အကူအညီတွေ တချို့ ရရှိပေမယ့် ခေါင်ခိုက်တဲ့ ဒေသမှာတော့ အစာငတ်မွတ်မှုတွေ ဖြစ်နေကြပါတယ်။
တောင်ပေါ်ဒေသမှာတော့ အပင်တွေကို နှင်းတွေက ဖျက်ဆီးတဲ့အတွက်လည်း ဒုက္ခရောက်နေကြရပါတယ်။
တချို့ကျွန်းပေါ်မှာ ဆိုးဝါးတဲ့ ဝမ်းလျှောရောဂါတွေ ဖြစ်နေရပြီး အကြောင်းရင်းကတော့ မသောက်သုံးသင့်တဲ့ရေတွေ၊ မစားသင့်တဲ့ အစားအစာကို စားမိရာက ဖြစ်ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ရှားပါးမှုတွေကြောင့် အရင်တုန်းက စားသုံးလေ့ မရှိတဲ့ အစားအသောက်တွေကို ရွာသားတွေက ရှာစားနေရတယ်လို့ ဆိုပါတယ်။
ကလေးငယ်တွေကလည်း စားလေ့မရှိတဲ့ သစ်မျှစ်တွေကို တူးဆွပြီး ကျောင်းသွား ကျောင်းပြန်တွေမှာ စားသုံးနေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
By Pacific affairs reporter Liam Fox
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment