B သွေးပိုင်ရှင်အကြောင်း သိကောင်းစရာ

Credit:www.colourbox.com

☆ လုပ်ချင်ရာကိုလုပ်မယ် ကိုယ်ထင်ရာကို လုပ်မယ်၊ လာမတားပါနဲ့။
☆ ဘယ်သူတွေဘာပဲထင်ထင် ဂရုမစိုက်ဘူး၊ နောင်တလည်း မရဘူး။
☆ ပျော်ပျော်နေရယင် ပြီးတာပဲ။
☆ စိတ်ဓါတ်ကျတာတွေ ဘာတွေလည်း မရှိဘူး။
☆ ဘယ်သူမှ ကိုယ့်နောက်ကို မလိုက်ရင်လည်း ဂရုမစိုက်ပါ။


☆ ချစ်တဲ့သူကိုတော့ ပေးဆပ်လိုက်မယ်။
☆ တက်နိုင်သလောက် ကူညီလိုက်မယ်။
☆ မုန်းတဲ့သူကိုတော့ ကြည့်ကို မကြည့်ချင်၊ သေတဲ့အထိ မကြည့်ချင်ပါ။
☆ မနိုင်ဘူးလို့ထင်ရင် မပြိုင်ဘူး။
☆ ပြိုင်မယ်ဆိုရင်လည်း အသက်ပဲပေးရပေးရ ရေကုန်ရေခမ်း ပြိုင်မယ်။
☆ စကားကိုလည်း တည့်တည့်ပဲ ပြောတတ်တယ်။
☆ ဘာကိုမှ မဖုံးကွယ်ပါ။
☆ ဒါကြောင့်လည်း လူမုန်းတာ ခံရတယ်။

☆ စဉ်းစားရတာကို သိပ်ကြိုက်တာပဲ။
☆ သူများတွေ မစဉ်းစားသေးတဲ့ အတွေးတွေနဲ့ မျှောနေတတ်တယ်။
☆ ဒါပင်မဲ့လည်း လက်တွေ့ကတော့ မလုပ်ဖြစ်ပါ။
☆ လမ်းတဝက်မှာ ရပ်ထားလိုက်ရင်လည်း ကိစ္စမရှိပါ။

☆ စကားရှည်တဲ့သူကို သိပ်မုန်းတယ်။
☆ သူများတွေအပေါ် မကောင်းတဲ့သူတွေကို မုန်းတယ်။
☆ ဝေဖန်ခံရတာကို ပျော်တယ်လို့ ခံစားရတယ်။
☆ လူကောင်းက ဘယ်သူလဲဆိုတာကို နားလည်တယ်။

☆ လူဂေါက်တွေကို မပေါင်းသင်းပါ။
☆ လောကကြီးထဲမှာ လူကောင်း၊ လူဆိုး နှစ်မျိုးပဲရှိတယ်လို့ ခံယူထားတယ်။

☆ ယုံကြည်ချက်ကတော့ အပြည့်ပဲ။
☆ လုပ်ချင်တာတွေကို ချက်ချင်းလုပ်လိုက်ရမှပဲ။
☆ ပြီးတော့မှ စိတ်ဆင်းရဲနေတတ်တယ်။

☆ စိတ်ဆိုးပြီးရင်လည်း ရယ်နေတတ်တယ်။
☆ စိတ်အနေအထားက မှန်းလို့မရပါ။
☆ လုပ်မယ်လို့ တက်ကြွနေပြီးတော့လည်း ခဏနေတော့ မေ့သွားပြန်တယ်။
☆ ဘယ်တော့မဆို တည့်တည့်သာ ရင်ဆိုင်တတ်တယ်။
☆ ဒီလိုမလုပ်ရရင် စိတ်မချမ်းသာတတ်ပါ။

☆ လုပ်ရဲရင် ခံရဲရတယ်ဆိုတာကို သိထားရမယ်။
☆ မုန်းရင်လည်း ၁၀ဆလောက် ပြန်ခလဲ့စားချေတတ်တယ်။
☆ ကမ္ဘာအဆုံးထိပဲ ပြေးပြေး ငရဲပြည်အထိလိုက်ပြီး ခလဲစားချေမယ်။

☆ ဘယ်သူ့ကိုမှလည်း မဖားတတ်ဘူး။
☆ မကြိုက်ရင် မလုပ်ဘူး။
☆ ကိစ္စအသေးအမွှားလေးတွေကို ခေါင်းထဲမထည့်ပါ။
☆ တွတ်တွတ် တွတ်တွတ်နဲ့ အနားမှာ စကားလာ မများနဲ့။

☆ လောကကြီးမှာ B သွေးတွေချည်းပဲဆိုရင်တော့ သိပ်ကောင်းမှာပဲ။
☆ မင်း A သွေးလား၊ ရှုပ်တယ်။ အနားမလာနဲ့။ မြန်မြန်ထွက်သွား။

☆ နောက်မွေးလာရင်လည်း B သွေးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ChelmoTeam
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment