မျက်နှာတွင် အဝတ်များစည်းကာ ဓားခုတ်လုယက်မှု


လုယက်မှုကျူးလွန်သွားသူများအား ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖမ်းဆီးအရေးယူထား
နေပြည်တော်၊ အောက်တိုဘာ ၁၂

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာရှိ ''ထက်ရည်လင်း''ကုမ္ပဏီဝင်းနေ ဦးတင်သန်း(၆၄)နှစ်နှင့် ဇနီးဖြစ်သူ မငြိမ်းချမ်းသူ(၃၄)နှစ်တို့(၂)ဦးသည် ကျည်တောက်ပေါက်ကျေးရွာသို့ ဈေးဝယ်ရန် လမ်းလျှောက်လာစဉ် ကုမ္ပဏီနှင့် ကိုက်(၃၀၀)ခန့်အကွာ ကားလမ်းဟောင်းအရောက်၌ မျက်နှာတွင် အဝတ်များစည်းကာ အရှည်(၁)တောင်ခန့်ရှိ ဓားများကိုင်ဆောင်ထားသူ အမျိုးသားလူရွယ်(၃)ဦး လမ်းဘေးဝါးရုံတောအတွင်းမှ ထွက်လာပြီး မငြိမ်းချမ်းသူ ဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းများအား လုယူခဲ့သောကြောင့် ပြန်လည်ခုခံခဲ့ရာ မငြိမ်းချမ်းသူနှင့် ဦးတင်သန်း တို့တွင် ပြတ်ရှဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

ထို့နောက် အဆိုပါအမျိုးသား(၃)ဦးမှ မငြိမ်းချမ်းသူ ဝတ်ဆင်ထားသော ရွှေဆွဲသီး (ကျောက်ပါ)(၁)ခု၊ အလေးချိန်(၂)ကျပ်(၂)ပဲ(၂)ရွေးသားရှိ ရွှေဆွဲကြိုး(၁)ကုံး၊ အလေးချိန်(၅)ကျပ်သားရှိ ရွှေလက်ကောက် (၁)ကွင်း၊ အလေးချိန်(၈)ကျပ်သားရှိ ရွှေလက်ကောက်(၁)ကွင်း စုစုပေါင်းကာလ တန်ဖိုးငွေကျပ်(၁၀,၈၆၀,၁၀ဝိ/-)တို့အား လုယူသွားခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းရာ စဉ့်ကူး မြို့နယ်၊ လက်ပန်လှ ရဲကင်းစခန်း(ပ)၁၃၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

လက်ပန်လှရဲကင်း စခန်းမှတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းခဲ့ရာ ယင်းနေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် ပြစ်မှုကျူးလွန်သူ စဉ့်ကူးမြို့နယ်၊ အေးချမ်းသာရပ်ကွက်၊ နွယ်ရုံရွာနေ လေရူး(ခ)ညီမင်းဦး(၁၉)နှစ်အားနေအိမ်တွင် မငြိမ်းချမ်းသူထံမှ လုယူခဲ့သည့် ရွှေဆွဲကြိုး၊ ရွှေဆွဲသီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 ဆက်လက်စစ်ဆေးချက်အရ ကျန်ပြစ်မှုကျူးလွန်သူ(၂)ဦးမှာ တစ်ရွာတည်းနေ ဝင်းမင်းကို(၁၇)နှစ်နှင့် စဉ့်ကူးမြို့နယ်၊ ရွှေပန်းတော ကျေးရွာနေ ဖြိုးမောင်(ခ)ငဖြိုး(၁၈)နှစ်တို့ဖြစ်ကြောင်း သိရှိရ၍ သွားရောက်ဖမ်းဆီးခဲ့ရာ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန် စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာ၊ ဘုရားလေး တောင်ခြေရှိ ယာတဲ၌ ၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းသိမ်းဆည်းရမိရေး အတွက် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment