နေပြည်တော်၌ လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန်သူများဖမ်းဆီးရမိ


 နေပြည်တော် အောက်တိုဘာ ၇

 နေပြည်တော် Junction Center အနောက်ဘက်ရှိ သံတမန်ဇုန် အနီးတွင် စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် မုဒိမ်းမှုတို့ ကျူးလွန်ခဲ့သူနှစ်ဦး ကို အောက်တိုဘာ ၆ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီခန့်က ကိုချစ်နိုင်ဦးနှင့် မ-------- တို့ဇနီးမောင်နှံ သည် ဆိုင်ကယ်စီး၍ လည်ပတ်ရာမှ အဆင့်မြင့်ဈေးမီးပွိုင့်အနီး လမ်းဘေး၌ ခေတ္တရပ်နားနေ စဉ် အမည်မသိလူလေးဦးမှ ခြိမ်းခြောက်ပြော ဆိုပြီး၎င်းတို့၏ ဆိုင်ကယ်နှစ်စီးဖြင့် ညှပ်၍ Junction Center အနောက်ဘက် သို့ခေါ်ဆောင်မောင်းနှင်စေခဲ့ကြောင်း၊ သံတမန်ဇုန်(B) လမ်းသို့အရောက်တွင် ဆိုင်ကယ်အားရပ်တန့်စေပြီး ကိုချစ်နိုင်ဦးအား လူနှစ်ဦးက ဆွဲခေါ်၍ ဓားနှင့် ထိုးခဲ့ကြောင်း၊ ကျန်လူနှစ်ဦးမှလည်း မ-------- အား ဆွဲခေါ်သွားပြီး လူလေးဦး စလုံးမှ သားမယားပြုကျင့်ခဲ့ကြောင်း ဒက္ခိဏသီရိမြို့မရဲစခန်းသို့ တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးက အမှု မှန်ပေါ်ပေါက်ရေး စီမံဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြသည့် ဇမ္ဗူသီရိမြို့ နယ်၊ ရွှေကြာပင်ရပ် ကွက်နေ အောင်တင်မျိုး(ခ)အောင်ပိုင် (၂၀)နှစ် (ဘ) ဦးသံချောင်း အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးအသွား (၁၀)လက်မရှိဓားတစ်ချောင်းနှင့်အတူ အောက်တိုဘာ ၆ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် လည်းကောင်း၊ ကျော်မောင် (ခ) ဇော်ဇော်အောင် (၁၉)နှစ် (ဘ) ဦးခင်ဦး အား အရိုးအသွား (၈)လက်မခွဲခန့်ရှိ သက်သေခံပစ္စည်း ဓားမြှောင် တစ်ချောင်းနှင့် အတူ အောက်တိုဘာ ၆ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦး သည် ဇော်လေး (၂၂)နှစ်ခန့်နှင့် မောင်မျိုး (ခ) မျိုးဇော်ဝင်း (၁၆)နှစ်ခန့် တို့နှင့်အတူ အရက်သေစာသောက်စားပြီး ဆိုင်ကယ်စီးနင်း ထွက်လာစဉ် ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးမီးပွိုင့်အနီး လမ်းဘေး၌ရပ်နေသော ဆိုင်ကယ်တစ်စီးနှင့် စုံတွဲနှစ်ဦးကို တွေ့ရှိသဖြင့် ခြိမ်းခြောက်ပြောဆိုပြီး ၎င်းတို့၏ ဆိုင်ကယ်နှစ်စီးဖြင့် ညှပ်၍ Junction Center အနောက်ဘက် သို့ ခေါ်ဆောင်မောင်းနှင်စေ ခဲ့ကြောင်း၊သံတမန်ဇုန်(B)လမ်းသို့အရောက်တွင် ဆိုင်ကယ် အားရပ်တန့်စေကာ ကိုချစ်နိုင်ဦး အား အသင့်ယူဆောင်လာသော ဓားနှင့်ထိုး၍ မော်တော်ဆိုင်ကယ်အိပ်ဇော သံပိုက်ဖြင့် ရိုက်နှက်ခဲ့ပြီးမ--------အား သားမယားပြုကျင့်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့ကြ သည့် ဓားများအား Royal Golf Club အရှေ့မြောက်ဘက် ဆည်အနီးရှိ ရေကန် အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ၎င်းတို့နှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူရန် ဆက်လက်ဆောင် ရွက်လျက် ရှိကြောင်း၊ ၎င်းအမှုတွင် ပါဝင်ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် လျက်ရှိသည့် ကျန်နှစ်ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေးစီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment