တံတားဖြူအနီး လူသတ်မှု


 လူသတ်မှုကျုးလွန်၍ ထွက်ပြေးတိမ်းရှောင်နေသူအား တွေ့ရှိက ကူညီပူးပေါင်း ဆက်သွယ်အကြောင်းကြားနိုင်
နေပြည်တော်၊ အောက်တိုဘာ ၇

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ စစ်ကိုင်း-မန္တလေးကားလမ်း၊ တံတားဖြူအနီး လမ်းယာ ဘက်ဘေးရေစပ်တွင် အမျိုးသမီးတစ်ဦး၏အလောင်းအားတွေ့ရှိကြောင်း သတင်းအရ အမရပူရ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ အမျိုးသားရှပ်အင်္ကျီ ခဲရောင်ဝတ်၊ စတီးဆွဲကြိုးတစ်ကုံးဆွဲထားကာ တင်ပါးအထက်ကျောရိုးတွင် ကနုတ်ပုံဆေး မှင်ကြောင်ထိုးထားသော ညိုမဲဒဏ်ရာ၊ ကြိုးနှင့်တုပ်နှောင်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံး နေသည့် အလောင်းအားတွေ့ရှိရ၍ အမရပူရမြို့မရဲစခန်း(ပ)၃၃၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

 ထို့နောက် အမရပူရမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့ရာ သေဆုံးသူအမျိုးသမီးမှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ မဝေမီထွန်း(၃၆)နှစ်ဖြစ်ကြောင်းသိရှိရပြီး ဆက်လက်စိစစ်ဖော်ထုတ်ချက်များအရ ပြစ်မှုကျူးလွန်သူမှာ မဝေမီထွန်း၏ ခင်ပွန်းဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်နေ ဦးစိုးကျော်(ခ)ဦးလောက်တာ(ခ)တရုတ်ကြီး(ခ)မင်းသားကြီး(ခ)တာကော (၅၅)နှစ်ဖြစ်ကြောင်း သိရှိရကာ ပြစ်မှုကျူးလွန်သူမှာထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ဖမ်းဆီး ရမိရေးအတွက် သတင်းပေးပို့နိုင်ပါရန်နှိုးဆော်ဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များ သို့လည်း ဖမ်းဆီးပေးရန်အကြောင်းကြားထားကြောင်းနှင့် တွေ့ရှိပါက ၀၂-၃၆၉၈၄၊ ၀၂-၃၆၈၇၁၊ ၀၂-၈၂၁၇၉၊ ၀၂-၇၀၅၈၈၊ ၀၂-၇၀၉၉၈၊ ၀၉-၅၃၁၃၂၅၄၊ ၀၉-၄၂၂၄၈၉၆၀၄ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment