ထိုင်းနိုင်ငံက ကိုယ်ချင်းဆက်အမြွှာ


ထိုင်းနိုင်ငံ၊ နာခွန်ဆာဝိုင်း အရပ်ဒေသတွင် အသက် (၇) နှစ်အရွယ် ကိုယ်ချင်းဆက်အမြွှာ သွားလာလှုပ်ရှားနေသည်ကို မြင်တွေ့ရသူတိုင်း စိတ်မကောင်း ဖြစ်ခဲ့ကြသည်။ ယင်းနေရာသည် မြို့တော် ဘန်ကောက်နှင့် (၂) နာရီကျော် ခရီးနှင်မှ ရောက်ရှိမည် ဖြစ်သည်။ ပင်နှင့်ပန်အမည်ရ သမီးငယ်လေးနှစ်ဦးသည် သူတို့ကို နှုတ်ဆက်ပါက ချိုသာသော အပြုံးများဖြင့် ပြန်လည် တုံ့ပြန်တတ်ကြသည်။ ဘ၀ပေး ကုသိုလ်ကံ မကောင်းခဲ့သော်လည်း ယနေ့အချိန်ထိ အသက်ရှင်စွာ နေထိုင်နိုင်ဆဲ ဖြစ်သည်။ ပင်နှင့်ပန်သည် ခါးချင်းဆက်နေခြင်း ဖြစ်သည်။ လက် (၄) ချောင်း ပါဝင်သော်လည်း ခြေထောက်ကတော့ (၂) ချောင်းသာ ပါဝင်သည်။
      သူတို့နှစ်ဦးကို ယင်းဒေသရှိ ဈေးအနီးတွင် မြင်တွေ့ရသည်မှာ တစ်နှစ်နီးပါးခန့် ရှိပြီဖြစ်သည်။ လတ်တလော ကျန်းမာရေး စစ်ဆေးမှုများအရ ကောင်းမွန်နေသောကြောင့် စိုးရိမ်စရာ မရှိကြောင်း သိရသည်။ သို့သော် ကိုယ်ချင်းဆက် အမြွှာကို ခွဲစိတ်ပါက အသက်ရှင်ရန် (၅) ရာခိုင်နူန်းမှ (၂၅) ရာခိုင်နှုန်းသာ ရှိသည်။
      ထို့ကြောင့် ပင်နှင့်ပန်ကို လက်ရှိအတိုင်း ထားရှိခဲ့ခြင်း ဖြစ်သည်။ ပင်နှင့်ပန်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment