ဝတ်စားဆင်ယင်မှု စမတ်မကျခဲ့သော တရုတ်သမ္မတနှင့်ဇနီး

 

 နိုင်ငံတော်အဆင့် အခမ်းအနားများတွင် နိုင်ငံ့ခေါင်းဆောင်များ၏ ၀တ်စားဆင်ယင်မှုသည် အလွန်အရေးကြီးသည်။ နိုင်ငံ့ခေါင်းဆောင် အများအပြားသည် အရေးကြီးသည့် ပွဲများမှလွဲပြီး ကိုယ်ပိုင်ရိုးရာ အ၀တ်အစားများကိုသာ ၀တ်ဆင်လေ့ရှိသည်။ တရုတ်သမ္မတကြီး ရှီကျင်းပင်၏ ဗြိတိန်သမိုင်းဝင် ခရီးစဉ်သည် ကြီးကျယ်ခမ်းနားပြီး ပေါင်ဘီလီယံချီတန်သည့် စီးပွားရေးစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ တရုတ်သမ္မတ ရှီကျင်းပင်နှင့်အတူ လိုက်ပါလာသည့် ဇနီးဖြစ်သူ Peng Liyan သည် ဗြိတိန်မီဒီယာများ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ Peng Liyan သည် ရှီကျင်းပင်နှင့်မယူမီ အဆိုတော်အဖြစ် ရပ်တည်ခဲ့သည်။ သို့သော် ဗြိတိန်ခရီးစဉ်တွင် Peng Liyan ၏ ၀တ်စားဆင်ယူမှုနှင့် အပြင်အဆင်များသည် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
      Peng Liyan သည်  ညစာစားပွဲကို တက်ရောက်သည့်အခါ ပြင်ဆင်ထားသော မိတ်ကပ်များ ကွာကျခဲ့သောကြောင့် ဝေဖန်စရာ ဖြစ်ခဲ့သည်။ Peng Liyan သည် ပွဲကိုရောက်ရှိပြီးမှ လိမ်းကျံထားသော မိတ်ကပ်များသည် အသားရေနှင့် မတည့်သောကြောင့် ကွာကျခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မျက်နှာတွင် အဖြူရောင်များ အကွက်လိုက် ပေါ်လာခဲ့သည်။ Peng Liyan ၏ နှာဖူးနှင့် နှာခေါင်းတို့တွင် အဖြူရောင်များ ပေါ်နေခြင်း ဖြစ်သောကြောင့် မီဒီယာများက သတိပြုမိပြီး ဓာတ်ပုံများရိုက်ကူးခဲ့သည်။ တရုတ် သမ္မတကြီးကို ဗြိတိန်အစိုးရက နိုင်ငံတော် အဆင့်ဖြင့် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားပွဲများကို ခမ်းနားစွာ ပြုလုပ်ပေးခဲ့ သည်။ Peng Liyan ၏  မိတ်ကပ်များ ကွာကျနေသည့် ဓာတ်ပုံကို အင်္ဂလန် သတင်းစာများက ဖော်ပြခဲ့ကြသည်။ ထို့အပြင် ရှီကျင်းပင်မှာလည်း အနောက်တိုင်းဝတ်စုံကို ၀တ်ဆင်ရာတွင် စတိုင်ကျခဲ့ခြင်း မရှိကြောင်း၊ ဘောင်းဘီသည် ခြေထောက်နှင့် အံ့ကိုက်ဖြစ်နေခြင်း မရှိဘဲ ဖိနပ်အောက်ကို ရောက်ရှိနေကြောင်း အင်္ဂလန် မီဒီယာများက ဖော်ပြခဲ့သည်။ သို့သော် ရှီကျင်းပင်သည် သမိုင်းဝင်ခရီးစဉ်တွင် တရုတ်နိုင်ငံ၏ဂုဏ်ကို တင်ပေးနိုင်ခဲ့သည်။ လူ့အခွင့်အရေး မှတ်တမ်းဆိုးများ ရှိနေသော်လည်း ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်း၏ လိုက်လှဲစွာ ကြိုဆိုမှုကို ခံခဲ့ရသည်။  အထူးသဖြင့် ပေါင်ဘီလီယံချီ တန်ဖိုးရှိသည့် စာချုပ်များကြောင့် တရုတ်နိုင်ငံသားများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာ ရရှိလာမည် ဖြစ်သည်။

The Messenger
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment