ကလေးကို ရေစိုခံတိတ်နဲ့ချည်ပြီး ဆော့ခဲ့တဲ့ မိခင်


မက္ကဆီကန်လူမျိုး မိခင်တစ်ဦးဟာ သူ့ရဲ့ကလေးကို တိတ်တွေနဲ့ချည်ပြီး ပါးစပ်ကိုလည်း တိတ်နဲ့ပိတ်ခဲ့ပါတယ်။ ဓာတ်ပုံတွေရိုက်ပြီး Facebook ပေါ်ကိုလည်းတင်ခဲ့ပါတယ်။ ဆော့တာလို့လည်း ပြောပါတယ်။

ဓာတ်ပုံကို အခုလအစောပိုင်းက Facebook ပေါ်တင်ခဲ့တာပါ။ မိခင်ဖြစ်သူရဲ့ နာမည်ကတော့ Rosa Margarita Pichardo Sotelo ဖြစ်ပြီး မက္ကဆီကို အနောက်မြောက်ပိုင်းTujuana မြို့မှာနေပါတယ်။ သူဟာ ဓာတ်ပုံတင်တုန်းက Public ထားမိတယ်ဆိုတာကို သတိထားမိပုံမပေါ်ပါဘူး။ အဲဒီ့အတွက် Facebook အသုံးပြုသူတွေကြားမှာ တဆင့်တဆင့် share ကြရင်း ပျံ့နှံ့သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြည်တွင်းမီဒီယာတစ်ခုကနေ ထုတ်လွှင့်ခဲ့ပါတော့တယ်။


ဒီပုံက Rosa ရဲ့သား Gerardo ပါ။ သူ့အမေနဲ့အတူ ရိုက်ထားတဲ့နောက်တစ်ပုံပါ။ ဒီကလေးရဲ့ လက်တွေနဲ့ ပါးစပ်ကို မီးခိုးရောင် ရေစိုခံတိတ်နဲ့ ချည်နှောင်တာ၊ ကပ်ပိတ်တာ ခံခဲ့ရတာပဲဖြစ်ပါတယ်။ ကလေးနဲ့ မိခင်ဖြစ်သူရဲ့ အသက်တွေကိုတော့ သတင်းထုတ်ပြန်ထားခြင်း မရှိပါဘူး။

‘ကျွန်မကလေးတွေ အခြေအနေကောင်းပါတယ်၊ ပြီးတော့ ဒီဓာတ်ပုံက ကျွန်မကိုမုန်းတဲ့သူတစ်ယောက်ယောက်ကနေ ကမ္ဘာကြီးကို ပုံနှိပ်ပြလိုက်တာပါ။ ကျွန်မ ဒီပုံကိုတင်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အများကထင်သလို မဟုတ်ပါဘူး။ ကျွန်မတို့က ဆော့နေကြတာပါ။ ကျွန်မနဲ့အတူ တစ်မိသားစုလုံးလည်း ရှိနေပါတယ်။ နာကျင်အောင်လုပ်ခဲ့တာ တစ်ခုမှမရှိပါဘူး။’ လို့ Rosa က Facebook ကတဆင့် ပြန်ဖြေခဲ့ပြီး ဓာတ်ပုံကိုလဲ ဖျက်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတစ်ရပ်အနေနဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာကို  သေသေချာချာ သိရအောင် သူတို့ရဲ့ ဒုတိယသားငယ်လေးကို စိတ်ပညာစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အာဏာပိုင်တွေက ပြည်တွင်းမီဒီယာကို ပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Daily Mail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment