ကိုယ်ပိုင်ကလေးမရှိလို့ ကြောင်လေးနှစ်ကောင်ကို မွေးစားခဲ့တဲ့ ဂေါ်ရီလာ ကိုကို


ကိုကို လို့အမည်ရတဲ့ ဂေါ်ရီလာတစ်ကောင်ဟာ အမေရိကန် သင်္ကေတဘာသာစကား အဆင့်မြင့်ဗားရှင်းကနေ လက်ပြသင်္ကေတအများကြီးကို သင်ယူတတ်မြောက်ထားသူပါ။ ဒါပေမဲ့ သူက ကိုယ်ပိုင်ကလေးရဖို့ အခွင့်အလမ်းမရှိပေမဲ့ ကလေးတွေချစ်တယ်ဆိုတဲ့ အကြောင်းကိုတော့ သိပ်မသိကြပါဘူး။

သူဟာ ဂေါ်ရီလာအရုပ်လေးတွေကို သူ့လက်မှာပွေ့ပြီး “ကလေး” ဆိုတဲ့စကားလုံးကို သင်္ကေတပြလေ့ရှိပါတယ်။ သူ့ရဲ့ လက်မောင်းတွေ၊ လက်တွေကိုလှုပ်ရှားပြီး အရုပ်လေးတွေကပဲ သင်္ကေတ ပြသယောင် ဟန်ဆောင်လိုက်ပါသေးတယ်။ ကိုကိုရဲ့ ၄၄နှစ်မြောက် မွေးနေ့မှာ သူ့ရဲ့လေ့ကျင့်ပေးသူ Francine Patterson ကနေ သူ့ကိုတခြားကလေးလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ကြောင်ပေါက်လေးတွေပါပဲ။

သူကြောင်လေးတွေနဲ့ တွေ့တော့၊ “ကလေး” ဆိုတဲ့ သင်္ကေတကိုလုပ်ပြပြီးတဲ့အခါမှာ “ကြောင်” ဆိုတဲ့သင်္ကေတကို ဆက်လုပ်ပြခဲ့ပါတယ်။ ဒီကြောင်လေးတွေက သူအခုမွေးစားလိုက်တဲ့ ကလေးလေးတွေဆိုပြီး သူ့ရဲ့ လေ့ကျင့်ပေးသူကို ပြောခဲ့ပါတယ်။ ကြောင်လေးတစ်ကောင်ကို သူ့ရဲ့ခေါင်းပေါ်မှာ တင်ထားခွင့်ပြုပါ ဆိုပြီး သင်္ကေတဘာသာစကားနဲ့ ခွင့်တောင်းခဲ့ပါသေးတယ်။

သူ့ရဲ့လက်တွေက ကြောင်သေးသေးလေးတွေအတွက် သိပ်ကိုကြီးနေပေမဲ့ ကြောင်လေးတွေကို မထိခိုက်အောင် ဂရုစိုက်ပြီး ညှင်ညှင်သာသာ သယ်ခဲ့ပါတယ်။ ကြောင်တစ်ကောင်ကို မချီခင်မှာ ကိုကိုက အချိန်နည်းနည်းယူခဲ့ပါတယ်။ ကြောင်တွေကို သူနဲ့ ပထမဆုံးအကြိမ် ကျင့်သားရစေဖို့ အတွက်ပါ။ နီးနီးကပ်ကပ်ကြည့်ရအောင် သူ့ရဲ့မျက်နှာနားကို ယူလိုက်ပြီး၊ ကြောင်ရဲ့ဗိုက်ကို သူ့လက်ညှိုးနဲ့ ပွတ်သပ်လို့ ပေးနေပါတယ်။ ပြီးတော့ ပွေ့ချီထားပြီး ချော့သိပ်လို့နေပါတယ်။

အထူးမျောက်ဝံတစ်ကောင်ဟာ ဂေါ်ရီလာ သင်္ကေတ ဘာသာစကားလို့ခေါ်တဲ့ သင်္ကေတပေါင်း ၁၀၀၀ ကျော်ကို နားလည်နိုင်စွမ်းရှိတယ်လို့ ကိုကိုရဲ့လေ့ကျင့်ပေးသူ ကပြောပါတယ်။ ကိုကိုက အပြောအင်္ဂလိပ်စာနဲ့လည်း ငယ်ငယ်ကတည်းက အထိအတွေ့ရှိခဲ့ပြီး အပြောဘာသာစကား စာလုံးပေါင်း ၂၀၀၀ ခန့်ကို နားလည်နေသူပါ။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:Daily Mail

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment