အရှိန်မထိန်းနိုင်သောယာဉ် ရပ်ထားသောယာဉ်သုံးစီးအားတိုက်မိ


 ရန်ကုန် အောက်တိုဘာ ၎

 ရန်ကုန်မြို့ အလုံမြို့နယ် စောရန်ပိုင်တောင်ရပ်ကွက် ငုဝါလမ်းတွင် အရှိန်မထိန်းနိုင်သောယာဉ်က ရပ်ထား သော ယာဉ်သုံးစီးအား ဆင့်ကဲတိုက်မိမှု အောက်တိုဘာ ၄ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ထိုနေ့ နံနက် ၁ နာရီ ၂ဝမိနစ်ခန့်က အလုံမြို့နယ် ငုဝါလမ်းအတိုင်း တောင်မှ မြောက်သို့ ဆက်ပိုင်ထွန်းမောင်းနှင်လာသော8A^------ Town Ace ခဲရောင်ယာဉ်သည် အလုံမြို့နယ် စောရန်ပိုင် တောင်ရပ်ကွက် ငုဝါလမ်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း ဘေးတွင်ရပ်ထားသော6H---- 1E---- 4C---- ယာဉ်တို့အား ဆင့်ကဲတိုက်မိသဖြင့် Town Ace ယာဉ်မှာ ဦးခေါင်းပိုင်းပျက်စီး၊ ရှေ့လေကာမှန်ကွဲသွားပြီ6းH------ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ညာ မီးသီးကွဲပြီး၊ 4C/---ယာဉ်နှင့်1E /---- ယာဉ်တို့မှာ ကားဘော်ဒီပိုင်း အနည်းငယ်ပျက်စီးသွားကာ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူ ကိုညီညီထွန်းနှင့် ယာဉ်မောင်း ဆက်ပိုင်ထွန်းတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသထားပြီး ယာဉ်မောင်းအား အလုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

တင်မောင်ဦး(အလုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment