ဂြိုဟ်သားများ ဒီကမ္ဘာမြေကို လာရောက် ကျူးကျော် သိမ်းပိုက်လာနိုင်ဟု Stephen Hawkings ပြောဆို


ဂြိုဟ်သားများ သက်ရှိထင်ရှား ရှိနေတယ်ဆိုတာ လုံးဝ ယုတ္တိဆန်တဲ့ ဆင်ခြင်တုံ တရားဖြစ်ပါတယ်။ နောက်ပြီး ဒီမြေကမ္ဘာကို သူတို့ လာရောက်ခဲ့ပါက တကယ့်ကို ကောင်းတဲ့အချက်တော့ မဟုတ်ကြောင်း Stephen Hawkings  အခိုင်အမာပြောဆိုခဲ့ပါတယ်။
ထင်ရှားကျော်ကြားတဲ့ အယူအဆဆိုင်ရာ ရူပဗေဒပညာရှင်နဲ့ စကြာဝဠာအကြောင်းလေ့လာတဲ့ ပညာရှင်ဖြစ်တဲ့သူက  ဂြိုဟ်သားတွေ မြေကမ္ဘာဆီ အလည်အပတ်ရောက်လာပါက ကိုလန်ဘတ်စ်ဟာ အမေရိကတိုက်ဆီ ခြေချရောက်ရှိသွားခဲ့တာမို့ ဒေသခံ အမေရိကန်လူမျိုးများအဖို့ အခြေအနေ မဟန်တော့တဲ့ အဖြစ်မျိုး ဖြစ်သွားနိုင်ကြောင်း စပိန်သတင်းစာ El Pais ကို ပြောပြခဲ့တယ်။
ယခုလိုခေတ်ရှေ့ပြေးတဲ့ ဂြိုဟ်သားတွေ သူတို့အရောက်အပေါက် သွားနိုင်တဲ့ ဘယ်ဂြိုဟ်ကိုမဆို ကျူးကျော်သိမ်းပိုက်ဖို့ လိုက်ရှာရင်း ခြေဦးတည့် လှည့်လည်ရောက်ရှိလာနိုင်ပါတယ်။
ဂြိုဟ်သားများ သက်ရှိထင်ရှားရှိနေကြောင်း သူ့ယုံကြည်ချက်ကို ရှင်းပြရာမှာ သင်္ချာနည်းအရ ကျုပ်ဦးနှောက်မှာ ကိန်းဂဏန်းများနဲ့တင် ဂြိုဟ်သားများနဲ့ ပတ်သက်လို့ ယုတ္တိတန်အောင် သုံးသပ်ပါတယ်။
ဂြိုဟ်သားတွေဟာ ဘယ်လိုပုံစံမျိုးဖြစ်နိုင်လဲ အဖြေရှာဖို့က တကယ့်စိန်ခေါ်မှုကြီးပင် ဖြစ်တယ်လို့ ဆိုပါတယ်။
Professor Hawkings ပြောဆိုချက်အရ အခုချိန်မှာ လူသားမျိုးနွယ်အတွက် အဓိက ဦးစားပေးအရာက အာကာသခရီးပါပဲ။ ကမ္ဘာမြေကို ဖျက်ဆီးပစ်မယ့် ကပ်ကြီးတစ်ခု တိုးလာနေပြီဖြစ်ကြောင်း သိရပါတယ်။ 
Ref: Metro
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment