မုံရွာမြို့တွင် အနှေးယာဉ် ဆိုက်ကားများဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင် ရေးမဲထည့်ရန် နှိုးဆော်ရာ၌ ဦးဆောင်သူလေးဦးသည် ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံခဲ့ရကြောင်းသတင်းရရှိသည်။
အဆိုပါလှုပ်ရှားမှုတွင် ဦးဆောင်သူများဟုဆိုကာ ကိုအောင်နေမျိုး(အလွတ်တန်း သတင်းထောက်)၊ ကိုနေသီဟ (ခ)မှတ်ကြီး (မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ကိုမျိုး သီဟ (မုံရွာခရိုင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ)၊ ကိုကွန့်ကျော်(မုံရွာခရိုင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ)တို့ လေးဦး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည်။
‘‘မုံရွာမြို့နယ် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီအစည်းအဝေးဆုံး ဖြတ်ချက်နဲ့ အမှုဖွင့်တိုင်ကြားခဲ့ တာကို မုံရွာမြို့ မြို့မရဲစခန်းက အမှုလက်ခံထားပါတယ်’’ဟု မုံရွာ မြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးက အတည်ပြု၍ ပြောကြားခဲ့ သည်။
မုံရွာမြို့ မုံရွာတောင်ရပ် ကွက် ကားလေးကွင်းရှေ့ စွယ် တော် တည်းခိုခန်းအနီးတွင် အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီက ဆိုက်ကားအစီး ၁၂၀ ခန့်ဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အောင်နိုင်ရေးအတွက် မဲပေးကြရန် နှိုးဆော်ခဲ့ခြင်းဖြစ် သည်။
‘‘ဆိုက်ကားနဲ့မဲပေးဖို့ နှိုး ဆော်တဲ့ကိစ္စ ရဲစခန်းမှာ အမှုဖွင့် ထားတယ်တော့ကြားပါတယ်။ အခုအချိန်အထိတော့ သက်ဆိုင် ရာက အကြောင်းကြားတာတော့ မရှိသေးပါဘူး’’ဟု ဦးဆောင်သူ ဟုစွပ်စွဲခံရသော ကိုအောင်နေ မျိုးက အောက်တိုဘာ ၁၂ ရက် နံနက်တွင် ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု တီရှပ်များဝတ် ဆင်၍ မုံရွာမြို့တွင်းလမ်းမကြီး များတွင် စီတန်းလှည့်လည်ခဲ့သဖြင့် မုံရွာမြို့နယ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏အောက်တိုဘာ ၁၀ ရက် အစည်းအဝေးအမှတ်စဉ် ၂၉/ ၂၀၁၅ ဆုံးဖြတ်ချက် အပိုဒ် - ၄ အရခွင့်ပြုချက်တောင်းခံခြင်း မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် ၁/၂၀၁၄ ကို လိုက်နာခြင်းမရှိဘဲ စီတန်းလှည့်လည်ခဲ့သဖြင့် ဦးဆောင်ပြုလုပ်သူလေးဦးကို အမှုဖွင့်ခြင်း ဖြစ်သည်ဟုဆိုသည်။
7day daily
0 comments:
Post a Comment